Camellia

1K 101 0
                                    

"မကြာခင်မှာBus car No,...ဆိုက်ရောက်ပါတော့မယ်ရှင်..."
ကြောညာသံကိုကြားလိုက်ရတော့သူထိုင်နေရာကနေထလိုက်ကာလက်ထဲကCamellia ပန်းရောင် ပန်းစည်းလေးကိုပြန်ငုံကြည့်လိုက်မိတယ်...

နွေဦးကိုရောက်နေပြီဆိုပေမယ့်ရာသီဥတုကတော့အေးနေတုန်းပဲ....
သူပဲစိတ်ထင်တာလားအနားမှာရှိစေချင်တဲ့သူပဲမရှိလို့များလားဒီနှစ်နွေဦးကမနှစ်ကနွေဦးထက်ပိုအေးတယ်....ပိုအထီးကျန်ပြီးပိုလွမ်းမောစရာကောင်းတယ်....

"Bus car ရောက်ပါပြီရှင်...."

ကြေညာသံကိုကြားလိုက်ရတာကြောင့်ခပ်သွက်သွက်ပဲသူbus carပေါ်ကိုတက်ခဲ့လိုက်တော့တယ်။

ထိုင်ခုံမှာထိုင်ချလိုက်တော့မှခန္ဓာကိုယ်ကအနည်းငယ်နွေးသွားသယောင်ခံစားလိုက်ရပေမယ့်ရင်ဘက်ထဲထိတော့ရောက်မလာခဲ့ဘူး။

"ဟူး...."သက်ပြင်းမောတစ်ခုကိုရှိုက်ထုတ်လိုက်ပြီး ကားပေါ်ကနေအပြင်ကမြင်ကွင်းတွေကိုငေးရင်း ပြီးခဲ့တဲ့တစ်နှစ် သူ့ကိုနွေးထွေးစေခဲ့တဲ့နွေဦးဆီကိုစိတ်တွေရွှေ့လျားသွားလေတော့တယ်....

.

.

.

.

"ကလင်...ကလင်...ကလင်...."
အရမ်းကာရောမြည်နေတဲ့နိုးစက်ကို Jong Inစိတ်တိုတိုနဲ့ရိုက်ချကာပိတ်လိုက်မိတော့သည်။
ဒီပုံစံနဲ့ဆိုဒီနိုးစက်လဲအရင်အလုံတွေလိုသူ့ဒဏ်မခံနိုင်ပဲသိပ်မကြာခင်ပျက်တော့မှာပဲလို့တွေးရင်းခနပြန်မှေးဖို့စောင်ထဲကိုတိုးဝင်ကွေးလိုက်မိတော့သည်။

"ဒီး...ဒီး...."

တဒီးဒီးမြည်နေတဲ့ ဖုန်းနိုးစက်ကြောင့်Jong Inမှေးနေရာကနေတစ်ခါနိုးလာရပြန်သည်။
ဒီတခါတော့ပြန်ပိတ်ပြီးမအိပ်နိုင်တော့ပါ...ဖုန်းနိုးစက်ကသူ့ရဲ့ မထရင်ဒီနေ့ကျောင်းမသွားနဲ့တော့ဆိုတဲ့နောက်ဆုံးသတိပေးချက်ဖြစ်တာကြောင့် ပိတ်ပြီး အိပ်ယာကနေမနည်းထခဲ့ရတော့သည်။
ကျောင်းသွားဖို့အမြန်ဆုံးပြင်ဆင်ကာBus car ဂိတ်ကိုအပြေးထွက်ခဲ့ရပြန်သည်။စိတ်ကုန်စရာMondayတွေ....!

SeKai Fanfic Festival 2021Where stories live. Discover now