The Boy who Knocks My Heart

799 105 6
                                    

Title : The boy who knocks my heart

" ဒီမှာ ခင်ဗျ .. ဘောပင်လေးခဏလောက်ငှားလို့ရမလားမသိဘူး "

ဆယ်ဟွန်း ဘတ်စ်မှတ်တိုင်မှာထိုင်နေရင်း ဘေးကအသံကြားတာမို့ လှည့်ကြည့်လိုက်တော့ တက္ကသိုလ်ကျောင်းသားအရွယ်လေးတွေပင်။၅ယောက်လောက်ရှိသည်။ရှေ့က တစ်ယောက်ကတော့ ရုပ်တည်လေးနှင့် ကျန်၄ယောက်ကတော့ ပြုံးစိစိ။

" ဟို မပါဘူးလားဟင် "

ဆယ်ဟွန်း ချက်ချင်းရှေ့ပြန်လှည့်တော့ ထွက်လာတဲ့ အသံကတိုးတိုး။ဆယ်ဟွန်းကို ဘာလာကြောင်နေမှန်းမသိ။ဆယ်ဟွန်းလည်းစိတ်ရှုပ်ရှုပ်နှင့်လက်ဆွဲအိတ်ထဲကနေ ယူပြီးပေးလိုက်တော့သည်။ဒီနေ့မှ ဘတ်စ်ကားကလည်းနောက်ကျနေသည်။

" ကျေးဇူးပါ "

ကျေးဇူးတင်စကားပြောပြီး ထိုကောင်လေးက သူ့သူငယ်ချင်းတွေနားရောက်သွားသည်။ထိုအချိန်မှ အချိန်ကိုက် ဘတ်စ်ကားက ရောက်လာတော့သည်။ထိုကောင်လေးကတော့ ပြန်လာမပေးသေး။

အလုပ်နောက်ကျနေတာမို့ ပြန်လည်းတောင်းမနေတော့ဘဲ ဘတ်စ်ကားပေါ်သာ တက်ခဲ့လိုက်တော့သည်။ခါတိုင်းထက် လူကြပ်နေတဲ့ ဘတ်စ်ကားပေါ် ထိုင်စရာနေရာလည်း မရသည်မို့ ဆယ်ဟွန်းပိုပြီးစိတ်ရှုပ်သွားရတော့သည်။

•~•

ဆယ်ဟွန်း ဘဝကရိုးရှင်းသည်။ဘွဲ့ရပြီးတာနဲ့ မိဘအိမ်ကနေခွဲထွက်ပြီး ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ရင်းကိုယ့်ဝမ်းကိုယ်ကျောင်းနေတဲ့လူ။အသက်ကလေးက ၃၀နီးနီးမို့ မေမေကတော့ ဆယ်ဟွန်းကို အိမ်ထောင်ပြုဖို့ပြောနေပေမယ့် အချစ်ဆိုတာ ဘာမှန်းမသိ၊ဘယ်နေရာမှာ ရှိနေမှန်းမသိတာမို့ တစ်ဘဝလုံးလူပျိုကြီးလုပ် အရိုးထုတ်ဖို့စဥ်းစားထားတာဖြစ်သည်။

အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး ဆယ်ဟွန်း အပူတွေလည်းမခံစားချင်။ကိုယ့်လစာလေးနှင့် ကိုယ်လိုသလို သုံးဖြုန်းနေရတဲ့ ခံစားချက်က အိမ်ထောင်ကျသွားရင် ပြန်ခံစားရဖို့မလွယ်။ဒါကတော့ အိမ်ထောင်မပြုချင်တဲ့ ဒုတိယအချက်။

" ဟေး လူပျိုကြီး .. ဘယ်ကပြန်လာတာလဲ "

အလုပ်ကပြန်လာတာ သိသိနှင့် လှမ်းနှုတ်ဆက်နေသည့် အဆောက်အဦးပိုင်ရှင်အဒေါ်ကြီးကိုဘုကြည့်ကြည့်လိုက်သည်။သူ့နာမည်ကိုလည်းသိပါလျှက်နှင့် ဒီအဒေါ်ကြီးကသူ့ကိုဆို လူပျိုကြီးဟုသာခေါ်တတ်လေသည်။သူကတော့ ကလေး ၅ယောက်နှင့်ဆိုတော့ ခေါ်အားရှိသည်ပေါ့။

SeKai Fanfic Festival 2021Where stories live. Discover now