Stay In Our Memory

810 86 14
                                    

Stay In Our Memory

အချစ်ကို တွေ့ချိန်တွင် လူတွေ ဘယ်လိုခံစားရတတ်သလဲ။

သန်းပေါင်းများစွာသော လူတွေထဲမှာ ဒ်ီလူက ကိုယ့်အချစ်ဆိုတာ ဘယ်လိုသိနိုင်လိမ့်မလဲ။

ပန်းပွင့်ဖတ်လေးတွေ လွင့်လာသလိုမျိုး ထူးခြားတဲ့ တစ်စုံတစ်ရာကို ခံစားရမယ်လို့ သူ မထင်ခဲ့တာတော့ သေချာပါသည်။

သူက အလွန်ရိုးစင်းစွာဖြင့် အဲဒီနေ့ကို မှတ်မိနေရုံသာ။

××××××××××××

jongin အထက်တန်း နောက်ဆုံးနှစ်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီး ဖြေတော့မည်မို့ လူငယ်တိုင်း၏အနာဂါတ်သည် ထိုရလဒ်အပေါ်မူတည်နေချိန်။

ဖွံ့ဖြိုးမှုရပ်‌နေသော မထင်မရှားမြို့ငယ်လေးသည် နေခြည်နွေးနွေးအောက်တွင် ပျင်းရိစွာ မလှုပ်မယှက် အိပ်စက်နေခဲ့သည်။

jongin က ပြီးခဲ့တဲ့နွေဦးမှာ အသက် ၂၀ ပြည့်ခဲ့ပြီး၊ သူက နွေးထွေးတက်ကြွသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ သူ့အညိုရောင်မျက်ဝန်းများက အမြဲတစေ ကြင်နာမှုများဖြင့် ပြည့်နေပြီး၊ သူ့အပြုံးရေးရေးက စိတ်လုံခြုံမှုကို ပေးနေသလို လင်းလက်နေတတ်သည်။

ပျင်းရိဖွယ် မနက်ခင်းအသစ်များတွင် သူက သံစဉ်တစ်ပုဒ်ကို တိုးတိုးညည်းရင်း ဖြည်းဖြည်းမှန်မှန်နှင့် ကျောင်းသို့ စက်ဘီးဖြင့်သွားတတ်သည်။ သူ့အိမ်က မြို့စွန်ဘက်ကျတာမို့ ကျောင်းနှင့် ဝေးသလိုထင်ရသော်လည်း jongin က ဘတ်စ်မစီးဘဲ စက်ဘီးစီးရတာ ပျော်ပါသည်။

စာမေးပွဲနီးပြီဖြစ်သောကြောင့် ကျောင်းက အရင်လောက်မဆူညံနိုင်‌တော့ဘဲ စာရွက်တွေသာ ပလူပျံနေသည်။ jongin နဲ့ Baekhyun လည်း အတန်းထဲတွင် စာအုပ်များစွာနဲ့ အလုပ်ရှုပ်နေသည်။

"ငါ လုပ်နိုင်ပါ့မလားတောင် သံသယဖြစ်လာပြီ"

Baekhyun က အနည်းငယ်တော့ ပင်ပန်းဟန်ပေါ်နေခဲ့သည်။ jongin က သူ့သူငယ်ချင်းပုခုံးကို ဖျစ်ညှစ်ပြီး အားပေးလိုက်သည်။

"မင်း ဘယ်တုန်းက ကျရှုံးခဲ့လို့လဲ... ဒီတစ်ခါလည်း မင်းလိုချင်တဲ့ တက္ကသိုလ် ရမှာပါ"

SeKai Fanfic Festival 2021Where stories live. Discover now