The Love that Got Away

659 81 3
                                    

" ငါ သူ့ကို မကြိုက်ဘူး ။ မာနအရမ်းကြီးလို့
ရအောင်လိုက်ခဲ့တာ "

ငယ်ရွယ်နုပျိုသော အော်ရယ်သံများက ယောကျာ်းလေး
အိမ်သာထဲမှ တစ်ဆင့် အပြင်ကော်ရစ်တာတစ်လျှောက်
သို့ လျှံထွက်နေသည် ။

အချင်းချင်းစနောက်ရယ်မောကာ ငယ်ကျိုးငယ်နာဖော်
သည့် စကားဝိုင်းထဲတွင် အဓိကဇာတ်ကောင်မှာ
သူ ဖြစ်နေဟန်တူပါရဲ့ ။

သစ္စာဖောက်ခံလိုက်ရတဲ့ ခံစားချက်က တကယ်တော့
အများကြီး ခံရမခက်ခဲ့ပါ ။ မကြာခဏကြားဖူးနေကြ
စကားများဖြစ်သဖြင့် ထိုလူတစ်စုနှင့် မျက်နှာချင်းဆိုင်
တာတောင် ခံစားချက်မဲ့မျက်နှာသေက ပြောင်းလဲမသွား ။

" ကြားသွားတာလား ?? "

" ဖယ်ပေး "

" အို ဆယ် ဟွန်း မင်းဟာလေ တကယ့်ကို
လူအမြင်ကပ်ချင်စရာကောင်ဘဲ "

The Love that Got Away

" ဘာပြောစရာရှိသေးလဲ ?? "

" ဂျုံ အင် က မင်းကိုမကြိုက်ဘူးတဲ့ "

" အဲ့တော့ "

" ခွေးကောင် !! ပိုက်ဆံချမ်းသာတယ် စာတော်တယ်
ဆိုပြီး မောက်မာမနေနဲ့ "

လူ သုံးလေးယောက်မက ဆယ်ဟွန်း ကို လက်ညိုးနှင့်
ဝိုင်းထိုးပြီး ဆဲဆိုနေကြပေမဲ့ ဆယ် ဟွန်း ၏ ငြိမ်သက်
နေသောမျက်ဝန်းများသည် အပြစ်ကင်းသယောင်ဟန်
ဆောင်ထားသော ဂင် ဂျုံ အင့် မျက်နှာထံမှ အကြည့်မလွှဲ
သွား ။

ဆယ် ဟွန်း နှင့် ဂျုံ အင် တို့ တွဲနေသည်မှာ
တစ်လတိတိပင်ကြာမြင့်ချေပြီ ။

သို့သော် ဂျုံ အင်သည် သူ့စကားသူ ကတိတည်၏ ။
တမင်ချိုးချင်လို့ ဆယ်ဟွန်း ကို လိုက်ခဲ့သည်ဟူသော
စကားနှင့်အတူ ဆယ် ဟွန်း ထံမှအဖြေရပြီးသည်နှင့်
ဂင် ဂျုံ အင် နောက်တစ်ယောက်ပြောင်းသွားသည်
ထင်ပါရဲ့ ။

သူ့ရှေ့တွင် သူ့ရည်းစားကောင်လေး အလှောင်ခံနေရ
တာတောင် ကာကွယ်ပေးဖို့မဆိုထားနှင့် သူကိုယ်တိုင်ပါ
ဆယ်ဟွန်း အားနစ်နစ်နာနာစကားများ ပြောချင်နေသလို
ပါပင် ။ မကောင်းတက်လို့အတင်းထိန်းချုပ်ထားရသည့်
အမူအရာမျိုးဖြင့် ဆယ် ဟွန်း ကို ပြန်စိုက်ကြည့်သော
မျက်ဝန်းညိုက လှောင်ရိပ်များဘောင်ဘင်ခတ်နေ၏ ။

SeKai Fanfic Festival 2021Where stories live. Discover now