Chapter-1. 1

451 62 4
                                    

++Unicode++

သူ ဒီနေရာကို ဒုတိယ အကြိမ် ခြေချမိခြင်း။

မိမိနိုင်ငံတွင်အုပ်စိုးသော Royal Prince/ Ice Prince ဘန်ဂျမင်သည် မည်သူမျှမသိသေးနိုင်သည့် အခြားသောကမ္ဘာ၏တံခါးများကိုဖွင့်နိုင်ရန် သလင်းကျောက်ကြည်ကို သော့တစ်ချောင်းအဖြစ်ပိုင်ဆိုင်ထားလေသည်။ လွန်ခဲ့သည့်လအနည်းငယ်က ဒီနေရာကိုသူရှာတွေ့ခဲ့သည်။ထိုနေရာက ဘန်ဂျမင်၏နိုင်ငံကဲ့သို့ စကားကိုသုံးနှုန်းသည်။ မြို့ငယ်၏နိုင်ငံအမည်မှာလည်း ကမ်းမလော့ဟုအမည်တွင်သည်။သို့သော်ခေတ်ကာလ အပိုင်းအခြား၊ ဝတ်စားဆင်ရင်ပုံ ၊အသုံးအဆောင်ပစ္စည်းများက
ဘန်ဂျမင် မတွေ့ဖူး မမြင်ဖူးသောအရာများ။တနည်းပြောရရင် ယခုကမ္ဘာက ခေတ်ရှေ့ပြေးနေသည်။

သူပထမဆုံးရောက်ဖူးချိန်တွင် လူတွေက အံ့အားတသင့်ဖြင့် တီးတိုးပြောဆိုနေကြသောစကားသံများကိုကြားဖြစ်ခဲ့သည်။ အလွန်မြင့်မားလှသော အဆောက်ဦး‌ရှေ့၌ ထိုအတွင်းပိုင်းထိကို မှန်များမှတဆင့် မြင်နိုင်လေသည်။
စားပွဲသေးသေးလေးများကို အစီအရီချထားကာ ကော်ဖီဆိုင်ငယ်လေးတခု အတွင်း စားသုံးသူအနည်းငယ်ဖြင့် ထိုဆိုင်လေးက တိတ်ဆိတ်အေးချမ်းနေသည်။သူအပြင်မှ ရပ်ကြည့်နေချိန် မှန်အနီးသို့ ဗန်းတချပ်ကိုကိုင်၍ စားပွဲတခုကို ရှင်းလင်းနေသော လူငယ်တစ်ယောက်။ထိုလူငယ်က သူ့အရိပ်ကိုမြင်တွေ့၍ သူ့ဘက်သို့လှည့်ကြည့်လာလေသည်။

'' ဟင် "

"အာ အမေရေ "

နှစ်ယောက်လုံးခေတ္တမျှအံ့အားသင့်ခြင်းနှင့်အတူ အာမေဋိတ်သံဖြင့် ကြမ်းပြင်ပေါ်သို့ထိုင်လျက် ကျသွားသည့်ထိုလူငယ်။

မှန်တချပ်တွင် မိမိ ကိုယ်ကိုပြန်ကြည့်နေရသကဲ့သို့ပင်။

နှစ်ယောက်လုံးကို ကော်ဖီဆိုင်အတွင်းမှလူများ၏အာရုံအစုံရောက်ရှိလာသည်။

"ဆောင်ဟွန်း ဘာဖြစ်တာလဲ"

အနားသို့ရောက်ရှိလာသော နောက်ထပ်လူငယ်တစ်ဦးက လဲကျနေသော လူငယ်ကိုဆွဲထူလိုက်သည်။

"ဂျုံဆောင်း ဂျုံဆောင်း ဟို ...ဟိုကို ကြည့်"

ညွှန်ပြရာကို လှည့်ကြည့်လာ‌သော ဂျုံဆောင်း။

My Heart In Parallel UniverseWhere stories live. Discover now