Chapter-2. 0

268 49 4
                                    

++Unicode++

"လွမ်းသူ့ဘဝင်"

သူမရှိတဲ့အခါ
‌နေမင်းကိုလည်း ဘဝင်မကျ
လမင်းကိုလည်း ရန်တွေ့ချင်တယ်
နေ,ဝင်ချိန်ရော၊လ,သာချိန်ရော
ရပ်တန့်ပေးပါအုံး
ငါ, အချစ်ကို လွမ်းလို့။

........................................................

ကမ်းမလော့နန်းတော်............

နေ့တိုင်းနီးပါးအလုပ်ရှုပ်နေရသော မိမိနိုင်ငံ့အရေးက ချစ်ရသူကိုလွမ်းခွင့်မပေးခဲ့။ လူခြေတိတ်ချိန်အိပ်ခန်းဆောင်အပြင်မှ လပြည့်ဝန်းကို တချက်သတိပြုမိတော့ ခိုးလွမ်းမိပါသည်။ပုံမှန်အခြေအနေသာဆို ဒီလိုလပြည့်ညမှာ ချစ်သူထံကိုအပြေးသွားမိမှာ။
ယခုညကိုကျော်လွန်ဖို့ အိပ်စက်ခြင်းကအခွင့်မပေး။

ညဘက် အခြားသောလူတွေအတွက် အိပ်စက်အနားယူချိန်ဖြစ်သော်ညားလည်း ဘန်ဂျမင် အတွက်တော့မဟုတ်ချေ။တနေ့လုံး အိမ်နီးချင်းနိုင်ငံဧည့်သည်များကို ဧည့်ဝတ်ကျေစေရပြီး နေရေး၊စားရေး ၊လုံခြုံရေးကအစ သူအထူးပင်ဂရုစိုက်ဆောင်ရွက်ရသည်။မယ်တော်ကတော့ အမျိုးသမီးဧည့်သည်များကို ဂရုတစိုက်ရှိလှသည်။အထူးသဖြင့် ဂေါ်ဒန်မင်းသမီး ရီယာနှင့် အလွန်ပင်ရင်းနှီးစွာနေသည်။

"သားတော်..မအိပ်သေးဘူးလား"

"မယ်တော်"

အခန်းအတွင်းသို့ဝင်လာသော မယ်တော် အန်နာ။

"ဘာတွေတွေးနေတာလဲ?၊ သားတော် ကအရာရာကို တွေးတွေးဆဆ လုပ်တတ်မှန်းသိပါတယ်၊

အခုလည်းနေ့မနားညမနားနဲ့ အနားယူပါအုံး သားတော်ရယ်၊

သဘက်ခါလည်း ညီလာခံနဲ့ နန်းတက်ပွဲ၊ သားတော်အတွက် အလုပ်တွေက များလွန်းတယ်လေ၊

ပင်ပန်းနေတယ်မလား? "

မယ်တော်က ထိုင်နေသော သူ့အနားတွင်ရပ်၍ ဂရုဏမျက်ဝန်းများဖြင့်ကြည့်၍ဆိုလာသည်။ မယ်တော်က ထက်မြတ်လွန်းသောမိန်းမသားတစ်ဦးပင်။ဖခင်ဘုရင်ကြီးကွယ်လွန်ပြီးချိန်မှစ၍ အန္တရာယ်များကြားမှ နိုင်ငံကိုမပျက်ဆီးမပြိုကွဲရန် သားသည်မိခင်က အုပ်ချုပ်ခဲ့သည်။ပင်ပန်းလွန်းနေသော မိခင်ကိုကူညီနိုင်ရန် ငယ်စဉ်ကပင် ဘုရင်တစ်ပါး၏ကျင့်ဝတ်များကို လျှင်မြန်စွာတတ်မြှောက်စေခဲ့သည်။

My Heart In Parallel UniverseWhere stories live. Discover now