Chapter-2. 3

261 46 4
                                    


++Unicode++

ကမ်းမလော့နန်းတော်....

သံချပ်စစ်တန်ဆာကို တခုချင်းဆီသေချာဝတ်ပေးနေသော ဘန်ဂျမင်၏ အစေခံဟာ မျက်နှာမကောင်း ပြိုတော့မယ့်မိုးကဲ့သို့။

အကုန်လုံးပြီးဆုံးချိန်တွင် ဘန်ဂျမင် ကိုအသင့်စောင့်ဆိုင်းနေသော Lua ကိုတွေ့ရသည်။
Luaက အားသွန်ခွန်စိုက်ဖြင့် စစ်မြေပြင်နေရာ‌သို့အပြေးနှင်လေသည်။

ဘုရင်ကောင်းတို့သည် ယုတ်ညံ့ခြင်းကို ရွံမုန်းသည် ။ကတိကိုအသက်ထက်တန်ဖိုးထားပြီး ပြည်သူ့အိုးအိမ်ကိုကာကွယ်လိုသည်။ ဘန်ဂျမင်၏တောင်းဆိုချက်အကြံကို လက်ခံထားသော ဂေါ်ဒန်ဘုရင်က တစ်ဦးချင်း စည်းချင်းထိုးဖို့ကို လက်ခံသည်။

တိုက်ခိုက်ဖို့ပြင်နေသော ဂေါ်ဒန်နိုင်ငံ၏ အိမ်ရှေ့စံနှင့် ဘန်ဂျမင် သူ့ဘက်ကိုယ့်ဘက် စစ်သည်များက အားပေးသံ၊ညာသံပေး၍ သူ့တို့ကိုစောင့်ကြည့်နေကြသည်။

ဘန်ဂျမင် ရှုံးလျှင် ကမ်းမလော့ဟာ ဂေါ်ဒန် လက်အောက်ကို ရောက်မည်။ဂေါ်ဒန်ရှုံးလျှင် စစ်ကိုနောက်ဆုတ်ပေးမည်။

တိုက်ခိုက်မှုက အရှိန်တက်လာကာ နှစ်ဦးစလုံးက ဒဏ်ရာများဖြင့် ။
ဘန်ဂျမင်၏လက်ထဲမှ ဓားက အဝေးသိုလွင့်စင်ခဲ့သည်။အဆက်မပျက်တိုက်ခိုက်သော  ဂေါ်ဒန်၏ဓါးချက်များကို ရှောင်တိမ်းရင်း လဲကျသွားသော ဘန်ဂျမင်အပေါ် ဂေါ်ဒန်က ဓါးဖြင့်ထိုးစိုက်လိုက်သည်။ဘန်ဂျမင်သူ၏လက်ဖြင့်ကာကွယ်လိုက်တာမို့ လက်ဖျံအတွင်းစိုက်ဝင်သွားသော ဓါးတစ်ချောင်း။
အားကုန်သုံး၍ ခြေနှစ်ဖက်ကိုအသုံးပြုကာ
ရန်သူကို ပြန်လည်တွန်းလှန်မိသည်။ ဘေးမှ လွတ်ကျထားသော ဓါးကို ဘန်ဂျမင်လျှင်မြန်စွာ ကောက်ယူ၍ ဝှေ့ရမ်းလိုက်သည့်ဓါးချက်က ဟန်ချက်ပျက်သွားသော ရန်သူ၏ ကျောပြင်ထံသို့ ။ရန်သူက အရှေ့ကို ငိုက်ကျသွားချိန်မှာ ဘန်ဂျမင် အနည်းငယ်စိတ်သက်သာရာ ရလျက် သူ့စစ်သည်များထံမှ အားပေးသံဟာ ပို၍ ဟိန်းထွက်လာသည်။သို့သော် ရုတ်တရက် ရန်သူဟာ နောက်ဆုံးအားကိုသုံး၍ ဘန်ဂျမင်၏ နှလုံးအတွင်းသို့ ဓါးတစ်ချောင်းလုံးကို အဆုံးထိထိုးစိုက်ပစ်လိုက်သည်။ပင်ပန်းနွမ်းနယ်စွာ နာကျင်မှုက နှလုံးအတွင်းမှယိုစိမ့်လာသော နီရဲရဲသွေးများက သက်သေပင်။ ရန်သူ့ရင်ဝကိုကန်ထုတ်လိုက်တော့ သူ့ရှေ့တွင် မှောက်လျက်ကျသွားပြီးပြန်ထမလာတော့။ဘန်ဂျမင်  မြေပြင်ကိုလဲမကျစေရန် လက်တစ်ဖက်မှ ဓါးကို မြေကြီးမှာ ထိုးစိုက်၍ အားပြုကာ ဒူးတစ်ဖက်ကိုထောက်သည့်အနေအထားပင် အောင်နိုင်သူအပြုံးကို ဖန်တီး၍ ...။

My Heart In Parallel UniverseWhere stories live. Discover now