Chapter-2. 1

277 53 10
                                    


++Unicode++

ကမ်းမလော့နန်းတော်.......

"ဦးရီးတော် ကျတော့် စစ်သည်တွေက အဆင်သင့်ဖြစ်နေပေမယ့် ကျတော် ကြောက်နေမိတယ်"

"ဖြစ်လာမှတော့ ဘယ်အရာကတားဆီးလို့ရမှာလည်း နှစ်ဖက်လုံးကလည်း မဟာမိတ်ကနေ ရန်သူတွေဖြစ်ခဲ့ကြပြီ

ငါ့ရဲ့အမှားတွေလည်း ပါတာပေါ့။ငါသာ မင်းသမီး ရီယာကို မစွတ်စွဲခဲ့မိရင်။"

 ဦးရီးတော်၏အသံကတိုးဝင်သွားကာ သူစိတ်မကောင်းဖြစ်ရသည်။

ဦးရီးတော်သာ သူ့ရဲ့တစ်ဦးတည်းဆွေးမျိုးတော်စပ်သူမို့ သူအရာရာကိုတိုင်ပင်ဖြစ်ခဲ့သည်။

"ကျတော်တို့ တားလို့မရပေမယ့် အထိအခိုက်နည်းမယ့် နည်းလမ်းကို ရွေးချယ်ချင်တယ်"

"ဦးရီးတော် စဉ်းစားမိတာတော့ရှိတယ်
ဒါက ဖြစ်နိုင်ရဲ့လားတော့....."

"ပြောပြပါ စဉ်းစားကြတာပေါ့"

သူ အဖြေကောင်းကိုမျှော်နေသည်မို့ စကားမဆုံးခင်ဖြတ်ပြောမိသည်။

"တစ်ဦးချင်း လက်ရုံးချင်ယှဥ်ကြည့်ရင်ကော
ရှုံးတဲ့ဘက်က လက်နက်ချအညံ့ခံတာပေါ့။

အနည်းဆုံးထိခိုက်ရင် တစ်ယောက်ပဲ ဒါကို နှစ်နိုင်ငံခေါင်းဆောင်‌တွေ
လုပ်ဖို့သင့်တော်တယ်။"

"ကျတော် သဘောတူတယ် "

"ဘန်ဂျမင်, မင်းကိုယ်တိုင်လုပ်ကြည့်မလား?

ငါက မင်းကိုပဲယုံကြည်တာမို့။"

"ဟုတ်ကဲ့ပါ ဦးရီးတော် ။ကျတော့်ကိုယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။"

ဖြစ်သင့်တာကို ရွေးချယ်ရမည်  မိမိပြည်သူတစ်ယောက်တိုင်းရဲ့အသက်အိုးအိမ်ကိုတန်ဖိုးထားတာမို့ မိမိကိုယ်တိုင်သာ စတေးဝံ့ပါသည်။

သို့သော် တိုင်းပြည်ရှင်သန်ရေးနှင့် မိမိအသက်ရှင်သန်ခွင့်က မိမိအပေါ်မူတည်နေသည်။ မသေချာတဲ့အနာဂတ်မို့ အချစ်၏မျက်နှာကို ခွန်အားအဖြစ်သော်လည်းကောင်း ၊တနည်း နှုတ်ဆက်ခြင်းဖြင့် လည်းကောင်း မြင်တွေ့စေလိုသည်။
မကြာခင်ရောက်လာတော့မည့် လပြည့်ကိုမျှော်ရမည်ပေါ့။

My Heart In Parallel UniverseWhere stories live. Discover now