Part-5

659 91 2
                                    

ဘတ်ဟျွန်း ဘူချွန်းအိမ်ကိုပြန်ရောက်လာတာတစ်ပတ်ကျော်သွားပြီ။ ဖျားတဲ့ညတုန်းက ချန်းယောလ်သေချာပြုစုပေးတာကြောင့် မနက်ခရီးစဉ်က အခက်အခဲမရှိလိုက်။
သို့သော် ချန်းယောလ် အလုပ်ကိုနေ့လည်မွန်းတည့်လောက်မှသွားလိုက်ရပါသည်။ပုံမှန်ဆို မသွားလျှင်တောင်ရပေမယ့်
ချန်းယောလ်ဟာ ဂျူအွန်းကို လက်ထပ်ဖို့အရည်အချင်းရှိတဲ့သူအဖြစ် ဂျုအွန်းရဲ့မိဘတွေစီပြချင်သည့်အတွက် ဒိတ်အပြီးနောက်ပိုင်းပြောင်းလဲခဲ့ခြင်းပင်။

နှစ်ပတ်ကျော်ကြာလာတာနဲ့အမျှဘတ်ဟျွန်း လည်းအိမ်တွင် မနေချင်တော့ပါ။ အိမ်မှာနေရတာကြိုက်ပေမယ့် ဒီလိုကြီး အီစိမ့်နေအောင်တော့မနေချင်..။ ရောက်တုန်း ငယ်သူငယ်ချင်းတွေနဲ့တွေ့ဖို့ စီစဉ်ရတော့မည်။ တော်သေးသည်က ဘတ်ဟျွန်းငယ်ငယ်ကပေါင်းခဲ့တဲ့သူငယ်ချင်းတော်တော်များများ ဘတ်ဟျွန်း ကို အလိုလိုက်ထားတယ်ဟုပြောရမည် သူရောက်ရင်လာတွေ့သလို သူတို့ဆိုးလ်ရောက်ရင်လည်း ဘတ်ဟျွန်း အားမအားမေးကာ တစ်ခါတော့ဆုံအောင်ဖန်တီးတတ်သည်။
အခုလည်း ဘတ်ဟျွန်းဖုန်းဆက်ကာ အားလား မေးခါရှ်ိသေး
နက်ဖြန်နေ့လည် ဆောနို အားတာမလို့ သူနဲ့အရင်တွေ့ဟု အမိန့်လက်ခံရရှိလိုက်ပါသည်။

" မားမား ကျွန်တော်နက်ဖြန် အပြင်သွားစရာရှိတယ် "

" သွားပါတော် ! သွားပါ ။ အိမ်ထဲပဲနေနေလို့ကျုပ်ကတောင် တော့်ကို နက်ဖြန်ဖြစ်ဖြစ် အပြင်ထွက်အောင် ဂေါ်နဲ့ကော်ထုတ်မလို့ "

မားမား က သူ့ကိုမွေးထားတာရောဟုတ်ရဲ့လား????

" ကျွန်တော့်ကို မား မွေးထားတာရော ဟုတ်ရဲ့လား
မဟုတ်မှ ! ဆေးရုံမှာ ကလေးချင်းမှားလာတာလား?
ကျွန်တော် ထင်ပြီးသား ပါ ဒီလိုဖြစ်နေမယ်မှန်း "

ရုတ်တရပ် မျက်နှာငယ်ကာ အကယ်ဒမီရှော့ခ်ဖန်တီးလိုက်သော ဘတ်ဟျွန်းပင်...။ ဘတ်ဟျွန်း လည်း ခေါင်းငုံ့ပြီး နှာတရှုံ့ရှုံ့ လုပ်နေတုန်း မားရဲ့ လက်က ကျောကို အုန်းကနဲ ။

" အား!!!!! မား !!!!! "

" ဘာလဲ ! ဘာလဲ ! အပိုတွေပြောမနေနဲ့ ကလေးမဟုတ် ဘာမဟုတ်နဲ့ နှာရည်တွေသုတ်အုန်း
ကလေးချင်းမှားလာစရာလား ဒီဗိုက်ထဲက ထွက်ကတည်းက ဗြောင်ဘတ်ဟျွန်းတို့မွှေတာ မွှေတာဆိုတာ ကလေးချင်းမှားစရာအကြောင်းကိုမရှိတာ !!"

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Donde viven las historias. Descúbrelo ahora