Part 7

662 85 2
                                    

အကိုဂျွန်မြောင်ကို ပြောထားတဲ့စာမူအတွက်သူ့မှာကုန်ကြမ်းမရှိဘူး။ အခုရက်ပိုင်း ခေါင်းထဲမှာဗလာပဲ။
စာဖတ်မယ့်သူတွေက များသောအားဖြင့်ပေါ့ပေါ့ပါးပါးရယ်စရာလေးတွေ၊နူးညံ့တဲ့အချစ်ဇာတ်လမ်းလေးတွေကို သိပ်သဘောကျကြတာ ခက်တာက ဘတ်ဟျွန်းရေးတဲ့ဇာတ်လမ်းတလျှောက်လုံးလေးလံတဲ့ခံစားချက်ပေးပြီးနောက်ဆုံးမှာ ရင်ကွဲရတဲ့ဇာတ်သိမ်းပေးပစ်လိုက်တာပဲ ။

ပြောရရင် ချောက်ကမ်းပါးအစွန်းမှာယဲ့ယဲ့လေးတစ်ချိန်လုံးရပ်နေခဲ့ရပေမယ့် လာကယ်မယ့်သူမရှိသည့်အပြင် ခြေမခိုင်ကာ သေခဲ့ရသလိုမျိုးပေါ့...။ ဘတ်ဟျွန်းကိုဆဲနေကြတဲ့ အမာခံAnti fan လေးတွေ ဆဲကြတာလည်းမဆန်းဘူးလေ
ဒီလိုဇာတ်လမ်းတွေထပ်နေတာကိုး သူတို့မျှော်လင့်နေတဲ့အချစ်ဇာတ်လမ်းကတော့ အင်း... ဘတ်ဟျွန်းရည်းစားရမှရေးဖို့ဆုံးဖြတ်ထားတယ်။ တကယ်ဆို ဘတ်ဟျွန်းကိုဆဲနေမယ့်အစား သူတို့လိုချင်တဲ့ဇာတ်လမ်းလေးအတွက်
ဘုရားမှာဖင်ထောင်ပြီး ဘတ်ဟျွန်းရည်းစားရဖို့အရေး တို့အရေးလုပ်ကာ ဆုတောင်းနေသင့်သည်လေ !!

တစ်နေ့တာရဲ့ မနက်ခင်းက ချန်းယောလ်နဲ့စသလိုနောက်ဆုံးအိပ်ချိန်ကလည်း ချန်းယောလ်နဲ့ပဲအဆုံးသတ်တယ်။
ချန်းယောလ်က မနက်ခင်းဆို အရင်လိုအိမ်ရှေ့လာနှိုးလို့မရတော့ပေမယ့် ဖုန်းထဲကနေ video call ခေါ်ပြီးဆူဆူညံ့ညံ့လုပ်နှိုးတာပါပဲ~ အလုပ်သွားစရာမရှိတဲ့ဘတ်ဟျွန်းကို မနက်ရှစ်နာရီနှိုးပြီး သူ့အလုပ်သွားတိုင်း ဖလိုင်းကစ်စ်‌ေတွဖုန်းထဲကလှမ်းလှမ်းပေးရတာအမောပဲ ဒင်းမျက်နှာရူးချက်ကတော့ ဘယ်သူမှလိုက်မမှီ ...

" ဘတ်ခွန်းရေ အောက်ဆင်းခဲ့ပါအုန်း
ဒီမှာ ချန်းယောလ်လေးလာတယ် !! "

မာတာမိခင်မွေးမိခင်ရဲ့ဆော်ဩသံကြားပြီး ဘတ်ဟျွန်းမယ် ကိုယ့်နားကိုတောင်မယုံချင်? Seoul မှာရှိနေရမယ့်သူက ဘူချွန်း ရောက်လာသတဲ့ ??

" လာပြီ မား!! "

မားက လာနေလို့အသံမပေးရင်မကြိုက် ထို့ကြောင့် ငယ်ငယ်ကတည်းက အပေါ်အောက်ဆင်းတာဖြစ်ဖြစ် ခြံထဲသွားတာဖြစ်ဖြစ် ဘတ်ဟျွန်းတို့သားအဖက အသိပေးရသည်။ အသိမပေးရင် မားမားဟာ တစ်နေ့လုံး ပွစိပွစိ ပြောမပြီး ..

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now