Part-12

706 87 9
                                    

ချန်းယောလ်က ရောက်လာမယ်ပြောခဲ့ပေမယ့်အဲ့နေ့ကရောက်မလာခဲ့ဘူး။သူရောက်လာမယ်ထင်ပြီးစောင့်နေခဲ့ပေမယ့် အိပ်ပျော်သွားတဲ့ဘတ်ဟျွန်းအပြစ်ပါပဲ။ ဘတ်ဟျွန်းကအပြင်ပန်းမှာသာ မာကြောပေမယ့် တကယ်တမ်း ချန်းယောလ်နဲ့ပက်သတ်ရင်ထိလွယ်ရှလွယ်အဖြစ်ဆုံးပဲ။ဒါတွေကိုလည်းအထူးတလည်ဘယ်သူကိုမှဖွင့်ဟပြောမိမှာမဟုတ်ဘူး။ချန်းယောလ်လိုကာယကံရှင်ဆိုဝေးပေါ့။

တစ်ပတ်..။ တကယ်ဆို ဒီကိစ္စကဘတ်ဟျွန်းအလွန်မဟုတ်ဘူးလေ။ဘတ်ဟျွန်းမှာလည်းကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ရှိတယ်မလား ပြောရရင်ချန်းယောလ်က သွေးသားရင်းချာတောင်မဟုတ်ဘူး ဘာမဟုတ်တဲ့ကိစ္စလေးမလို့ လွမ်းပေမယ့်
စာပဲဆက်ရေးနေခဲ့တယ်။စေ့စပ်ပွဲကိုလည်းဘတ်ဟျွန်းသွားခဲ့သေးတယ်။ချန်းယောလ်ကသူရှိနေမှန်းတောင်မသိခဲ့ဘူး။သူကိုယ်တိုင်ကလည်းမနှုတ်ဆက်ခဲ့တာ ပါတာပေါ့။စေ့စပ်ပွဲက လူအနည်းအကျဉ်းဖိတ်တယ်ပြောခဲ့ပေမယ့် တကယ်တမ်း social ကျလွန်းတဲ့ချန်းယောလ်ကြောင့်လူများတာပါပဲ။စေ့စပ်ပွဲနဲ့တောင် ဒီလောက်နာကျင်ရတာ လက်ထပ်ပွဲသာဆို
‌ဆက်တောင်မတွေးရဲ။

ဘတ်ဟျွန်းရဲ့ဇာတ်လမ်းထဲမှာတော့အရံဇာတ်ကောင်ဆိုတာမရှိဘူး။သူနဲ့ချန်းယောလ်ပဲရှိတယ်။သူလိုချင်ခဲ့တဲ့သူဖြစ်စေချင်ခဲ့တဲ့အထက်တန်းကျောင်းနောက်ဆုံးနှစ်မှာ ချန်းယောလ်ကသူ့ကိုဖွင့်ပြောစေခဲ့တယ်။အပြင်လက်တွေ့မှာတော့ အထက်တန်းနောက်ဆုံးနှစ်မှာ ဘတ်ဟျွန်းကဖွင့်ပြောခဲ့တာ...

အဲ့ဒီနေ့က မှတ်မှတ်ရရ ပထမဆုံးနှင်းကျတဲ့နေ့။
ဘတ်ဟျွန်းအတွက်ကတော့နွေကန္တာရမှာမိုးကြိုးတွေပစ်ချခဲ့ရတဲ့နေ့ပဲ။ငယ်ငယ်ကတည်းကသူ့အပေါ်သူများထက်ပိုကောင်းခဲ့တဲ့သူမလို့ အဖြူရောင်သံယောဇဉ်လေးကနေအရောင်ကူးပြောင်းပြီးနေပြီ။ချန်းယောလ်ကတခါတလေသူငယ်ချင်း ချင်းဂရုစိုက်ပေးတာထက်ပိုဂရုစိုက်ပေးပြီးရွှန်းရွှန်းစားစားအကြည့်တွေကြောင့်ဘတ်ဟျွန်းဘက်ကအပိုင်တွက်ပြီးချစ်စကားပြောဖို့သတ္တိမွေးနိုင်သွားတာ။ဒါပေမယ့်ပေါ့..

" ချန်းယောလ်လီ! "

" အွန်း..ဘတ်ဟျွန်းနီ! "

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now