Part-14

716 93 2
                                    

ဒါကအိမ်မက်လား?? အိမ်မက်ဆိုရင်တော့ ဘတ်ဟျွန်းထပ်မနိုးထလာချင်တော့ဘူး။ သူ့ရဲ့မတောင်းခဲ့ဖူးတဲ့ဆုလေးက အခုချိန်မှ ဖြစ်တည်လာတာမလို့ လက်တွေ့မဟုတ်တဲ့အိမ်မက်ဆိုရင်တောင်သူတခုတ်တရ သိမ်းထားချင်တယ်။ထိုညက ဘတ်ဟျွန်း အတွက်အိပ်မပျော်ခဲ့သလို ရေတွေခနခနသောက်မိလို့ အိမ်သာနဲ့ ခေတ္တ‌ခန in a relationship လိုက်ရသေးသည်။

အိမ်မက်ဖြစ်မှာစိုးလို့ ဘတ်ဟျွန်းတစ်ညလုံးမအိပ်လိုက်ရပါ။စာမူအပ်ရမယ့်နေ့ကလိုသေးပေမယ့် အိမ်မှာစားစရာကမရှိတော့။ တစ်လမ်းကျော်က ကြက်ကြော်ဆိုင်ကအသင့်မှာစားလို့ရပေမယ့် အဲ့လိုလည်းမစားချင်ပါ။ ကြက်ကြော်နဲ့ချစ်ကျွမ်းဝင်ပြီးကြက်ကြော်ကိုခြေတော်တင်ထားတာ တစ်ပတ်ကျော်ပြီလေ။ကြာရင် ဘတ်ဟျွန်းလည်းကြက်ကြော်ရုပ်ထွက်တော့မည်။ကြက်ကြော်လာပို့တဲ့ကောင်လေးတောင်သူနဲ့သူငယ်ချင်းဖြစ်နေပြီပဲ ဒီလောက်ဆိုဘတ်ဟျွန်းနဲ့ကြက်ကြော်ရဲ့အခြေအနေကိုသဘောပေါက်သင့်သည်။

Mini Mart က ရပ်ကွက်ထဲမှာရှိပေမယ့် ဝယ်စရာပစ္စည်းတွေကများတာမလို့ Super Market သွားဖို့သာဆုံးဖြတ်လိုက်တော့သည်။ညကမအိပ်ရသေးပေမယ့် စိတ်ဆောင်နေတာကြောင့်ထင်ပါရဲ့ ရွှင်လန်းတက်ကြွနေလေသည်။ အဲ့တာကအရေးမကြီး! အရေးကြီးတာက ဟိုကောင် ချန်းယောလ်။
အခန်းတံခါးရှေ့မှာ သူ့ကိုစောင့်မဖမ်းဖို့မျှော်လင့်ပါရဲ့။

" ဘတ်ဟျွန်းနီ! "

" အားးး!! ဝှက်သယ်ဖက်ခ် "

မျှော်လင့်ချက်ကလေးက သိပ်ချစ်ဖို့ကောင်းတယ်။မမြင်ချင်ပါဘူးဆို အိမ်ရှေ့တင်မဟုတ်ဘူး။ ဧည့်ခန်းထဲမှာပါငုတ်တုတ်ကြီးထိုင်စောင့်နေတာ!!

" ဘယ်သွားမလို့လဲ ဘတ်ဟျွန်းနီ
လမ်းကြုံရင် ကိုယ် လိုက်ပို့မယ်လေ လမ်းမကြုံလည်းလိုက်ပို့မယ် *wink* "

ပတ်ချန်းယောလ်က တကယ့်မျက်နှာရူး။ သူဒီလောက်မျက်မှောင်ကျုတ်ကြည့်တာကို အရယ်အပြုံးမပျက်တဲ့အပြင် မျက်စိတွေပါမှိတ်ပြနေသေးတယ်။ ဘာ ! လမ်းမကြုံလည်းလိုက်ပို့မယ် ? အရင်အပတ်က သေသေရှင်ရှင်လူကိုပစ်ထားတဲ့ပတ်ချန်းယောလ်ကို ပဲပြန်လိုချင်တယ်။

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now