Part -15

883 101 3
                                    

စပရိန်လိုချန်းယောလ်ကြောင့် ဘတ်ဟျွန်းမယ် အိမ်ရောက်တဲ့အထိ မျက်နှာရဲတုန်း။ ရေခဲရေတွေသာ တဂွတ်ဂွတ်နဲ့သောက်လိုက်ရတယ် အဲ့ဒီ အနာဂတ်ယောက်ျား ဆိုတာကြီးက နားထဲကရုန်းမထွက်နိုင်။ သူတအားစိုးမိုးတာပဲ!!

" အသိစိတ်လေးဝင်ပါတော့ ဗြောင်ဘတ်ဟျွန်းရယ်
မျက်နှာကြီးက မကြာခင်ပေါက်ထွက်တော့မလိုဘဲ ..ငါငိုချင်လာပြီနော် "

ကိုယ့်ကိုကိုယ်စကားပြောရတာ နည်းနည်းရယ်ရပေမယ့် ဘယ်တတ်နိုင်မလဲ ကိုယ့်ပါကိုယ်မှစကားမပြောရင်..ရင်တွေရောဖင်တွေရောတုန်ပြီးဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ပစ္စည်းတွေကိုသူ့နေရာနဲ့သူနေရာချပြီး ခေါက်ဆွဲပြုတ်တဲ့အထိကို ဘတ်ဟျွန်းမှာ " အနာဂတ်ယောက်ျား " ဆိုတဲ့စကားလုံးကိုမထုတ်နိုင်သေးဘူး။ ခေါက်ဆွဲပြုတ်ရေများသွားတာလည်းမသိသလို ရေခဲတုံးတွေခေါက်ဆွဲထဲ ကျသွားတာလည်း ဘတ်ဟျွန်းမသိပါ အော်...ပတ်ချန်းယောလ် အင်မတန်စိုးမိုးတဲ့လူ!

*Phone Ringing*

" ဟယ်လို "

/ ဘတ်ဟျွန်းနီ~ ဖုန်းမဆက်လို့ ကိုယ်ဆက်လိုက်တာ /

ပုံမှန်ပြန်ဖြစ်ကာစအခြေအနေလေးကိုဒင်းက ပြန်အစဖော်ပြန်ပြီ။

" အဲ့တာမင်းအကြောင်းလို့ပြောခဲ့တယ်လေ "

/ ㅎㅎㅎ အိုခေ ငါ့အကြောင်းမလို့ ငါပဲဖုန်းဆက်တာပါ
ခေါက်ဆွဲပြုတ်အိုးကိုကိုယ်ပြန်လာမှဆေးပေးမယ် ဘတ်ဟျွန်းနီ မဆေးနဲ့ ဟုတ်ပြီလား/

" အမ်း...ပြီးတာပဲ မင်းပြောတာနော် "

/ အင်းပါ ကိုယ်ပြောတာပါ ကိုယ်ပန်းကန်ဆေးပါ့မယ် /

" နေပါအုန်း မင်းကကိုယ်ပြောလိုက်ငါပြောလိုက်နဲ့ဘယ်သူနဲ့မှားနေတာလဲ မင်းဇယားတွေမပြီးသေးပဲငါ့လာဖွင့်ပြောနေတာ အရူးလား "

/ မင်းနဲ့ငါလို့ပြောတာက အရင်က အဲ့လိုပြောနေကြမလို့ အကျင့်ဖျောက်ရင်းသုံးမိတာပါ ကိုယ်လို့သုံးပြောတတ်အောင်ကျင့်နေပါတယ် သခင်လေးဗြောင်ရဲ့ ! ဇယားမပြောနဲ့ အင်းကွက်တောင်ကိုယ့်မှာမရှိတာမလို့ ယုံကြည်စိတ်ချပြီး သခင်လေးဗြောင်ရဲ့ဘဝတစ်ခုလုံးကိုပုံအပ်လို့ရပါတယ်နော် /

𝖶𝖱𝖮𝖭𝖦 𝖫𝖮𝖸𝖠𝖫𝖳𝖸 - ( 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 )Where stories live. Discover now