Chapter III

3.4K 357 1
                                    

"သား ဒယ်ဒီနဲ့ခဏစကားပြောရအောင်"

အိမ်ပြန်ရောက်လို့ အပေါ်တက်မည့်ဆဲဆဲ စကားပြောရအောင်လို့ လှမ်းခေါ်တဲ့ဒယ်ဒီကြောင့် ခြေလှမ်းတွေက ဒယ်ဒီ့ဆီရောက်သွားရတယ်...

"ပြောလေ ဒယ်ဒီ"

"ခြံထဲလမ်းလျှောက်ရင်းပြောကြတာပေါ့"

"ကောင်းပါပြီ ဒယ်ဒီ"

ခြံထဲလမ်းလျှောက်နေရင်း ဒယ်ဒီရပ်လိုက်တဲ့နေရာကို ကြည့်လိုက်တော့ မာမီ့စိုက်ခဲ့တဲ့ပန်းခင်းကြီး...။ မာမီကသူစိုက်ခဲ့တဲ့ဇီဇ၀ါပန်းတွေလိုဘဲ ဖြူစင်ပြီးတကယ်တော်တဲ့ အိမ်ရှင်မကောင်း ဇနီးကောင်း မိခင်ကောင်းတစ်ယောက်...။

"သားဆုံးဖြတ်ပြီးတာ သေချာပြီလား"

"သေချာပါပြီ ဒယ်ဒီ ကျွန်တော်ဘယ်တုန်းက ကျွန်တော့်ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဖူးလို့လဲ"

"မင်းကသွားလေသူ မင်းမာမီနဲ့သိပ်တူတာဘဲ မွန်ဟီးမှာလည်း သားလိုနှုတ်ခမ်းဖူးဖူးလေးနဲ့ ရယ်လိုက်တိုင်းမှိတ်ကျသွားတဲ့ မျက်၀န်းလှလှလေးတစ်စုံရှိတယ်"

"ခေါင်းမာတာနဲ့ ပြတ်သားတာကတော့ဒယ်ဒီ့ဆီကအမွေရလာတာနေလိမ့်မယ်...။"

"ဒယ်ဒီမင်းမာမီကိုစတွေ့တုန်းက မိုးရွာတဲ့နေ့ ကားမှတ်တိုင်မှာ ထီးမပါလို့ညီးတွားနေတဲ့ကောင်မလေးအနေနဲ့ပေါ့ ။ နောက်မှတဖြည်းဖြည်းသိလာတာက သူ့နာမည်ကချွဲမွန်ဟီးတဲ့လေ...။"

"တစ်စတစ်စရင်းနှီးလာတဲ့နောက် ဖွင့်ပြောခဲ့တော့ မင်းမာမီက ရှက်ရှက်နဲ့လက်ခံခဲ့တဲ့ပုံကအခုထိမျက်လုံးထဲကမထွက်ဘူး"

"အလုပ်အကိုင်အတည်တကျဖြစ်လို့ လူအများရှေ့ ကတိသစ္စာပြုလက်ထပ်တုန်းကလည်း ဒယ်ဒီ့ကိုမြတ်နိုးမှုအပြည့်နဲ့ငေးကြည့်နေတဲ့ မျက်၀န်းတစ်စုံကိုလည်း အခုထိအမှတ်ရတုန်း"

"သားကိုမွေးတုန်းက ကမ္ဘာပေါ်မှာအပျော်ဆုံးလူဖြစ်ခဲ့တယ်ထင်တယ် မင်းမာမီကိုကျေးဇူးတင်ကြောင်း တဖွဖွပြောခဲ့တာ"

"မွေးကင်းစနီတာရဲလေး သားကသိပ်ချစ်ဖို့ကောင်းတာ မင်းမာမီနဲ့ချွတ်စွတ်တူတဲ့သားကိုကြည့်ပြီး ဒါပတ်ဂျယ်ဆောင်းနဲ့ချွဲမွန်ဟီးသားဆိုပြီး လိုက်ကြွားရတာအမော...."

LOVER = LO$ER //Complete//Donde viven las historias. Descúbrelo ahora