Chapter VI

3.4K 356 7
                                    

"ဂျောင်ဂုရှီး အမျိုးသမီးကတော်တော်ချောမှာဘဲနော်"

"အမျိုးသမီးမဟုတ်ပါဘူး အမျိုးသားပါ"

"ရှင်"

"မိဘပေးစားလို့ယူခဲ့ကြတာထင်တယ် ဂျောင်ဂုရှီးတို့က"

"ဒါကကျွန်တော့်ကိုယ်ရေးကိုယ်တာမို့လို့ ရှင်းဂျီအွန်းရှီးကိုပြောပြစရာမလိုဘူးလို့ထင်ပါတယ်"

"ဆောရီး တို့ကစပ်စုတတ်တော့ စည်းကျော်သလိုဖြစ်သွားတယ်"

"နောက်တစ်ခါသတိထားပေးရင်ကောင်းမှာဘဲ အလုပ်လေးတွေရှိလို့ ခွင့်ပြုပါဦး"

ဂျွန်ဂျောင်ဂုကစကားပြောတဲ့ပုံကအစသြဇာညောင်းလိုက်တာ သာမန်အသိုင်းအ၀ိုင်းကဖြစ်ပုံမရဘူး ။ ရှင်းဂျီအွန်းဆိုတဲ့မိန်းမကလည်း ယူရခက်တာတွေကိုမှလိုချင်တော့ခက်သား ။ စည်းတွေဘောင်တွေရှိတယ်ပြောလည်း သူလိုချင်တာသူယူတာဘာအရေးလဲ အချိန်တန်ပြောတဲ့ပါးစပ်ပေါက်တွေအကုန်ပိတ်ပစ်ဖို့ ငွေဘဲလိုတယ် ။
____________________

"စီအီးအိုပတ် စီအီးအိုဂျွန်ရောက်နေပါတယ်"

"လွှတ်လိုက်!"

"ဂျောင်ဂုနဲ့အဆင်ပြေရဲ့လား ဂျီမင်"

"ဒီလိုပါဘဲ အန်ကယ် ။ လာရင်းကိစ္စက...."

"ထွေထွေထူးထူးမဟုတ်ပါဘူး မင်းတို့အဆင်ပြေလားသိချင်လို့ ။ အန်ကယ်မှားခဲ့တာတွေကများတော့ ဂျောင်ဂုနဲ့အဆင်ပြေဖို့ကမဖြစ်နိုင်တော့ပါဘူး"

"ဂျောင်ဂုကသေချာပြောရင်ရပါတယ် အန်ကယ် ။ သူရုံးမှာရောအဆင်ပြေရဲ့လား။"

"ကြားရသလောက်တော့ပြေတယ်ပြောတာပါဘဲကွာ"

"ကျွန်တော်လည်းအခုရက်ပိုင်းအလုပ်တွေရှုပ်နေလို့မမေးမိဘူး"

"အေးကွယ် မင်းလည်းမင်းအဖေမရှိတော့အလုပ်တွေများနေမှာပေါ့ ။ ဒါဆိုအန်ကယ်သွားတော့မယ်"

"ကျွန်တော်လိုက်ပို့ပါ့မယ်"

"နေ နေ ကိုယ့်ဘာကိုယ်သွားမယ် ။ အိမ်လေးဘာလေးလည်းလာလည်ကြပေါ့ သားဆိုးလေးမရှိတော့ ခြောက်ကပ်နေတာဘဲ"

LOVER = LO$ER //Complete//Waar verhalen tot leven komen. Ontdek het nu