Chapter VIII

3.3K 327 5
                                    

ဆေးရုံကုတင်ထက်မှာ ဖျော့တော့စွာမှေးစက်နေတဲ့ ကိုကို့ကိုကြည့်ရင်း သူ့အမြင်အာရုံတွေက ငွေ့ရည်ဖွဲ့လာတဲ့ မျက်ရည်တွေကြောင့်ဝေ၀ါးလာပြန်တယ်

"ကျစ်...ဒီမျက်ရည်တွေကကုန်ကိုမကုန်နိုင်ဘူး"

ချစ်မိဖို့ရာမရဲတဲ့သူအဖို့စွန့်စားကာချစ်ခဲ့ပြီးမှ ကံကြမ္မာရဲ့ကြိုးဆွဲမှုအရ တခဏမဟုတ်တဲ့ တစ်ဘ၀စာ ဝေးကြရဦးမယ် ။ ကျန်ရှိနေတဲ့အချိန်အတွင်းမှာ ကိုကို့မေတ္တာတွေလောက်မခမ်းနားပေမယ့် အစွမ်းကုန်ချစ်ပေးမယ် ။ အရင်ကတည်းကမသိခဲ့ကောင်းလားလို့လည်း ဘယ်သူ့မှအပြစ်မတင်ချင်တော့ဘူး ။ ဒီဘ၀မှာရေစက်ရှိလို့ ဆုံတွေ့ရတယ် ၊ ပေါင်းသင်းရတယ် ၊ ရေစက်ကုန်ရင်တော့ ခွဲခွာရမှာသဘာ၀ဘဲမလား ။ အရာအားလုံးကံကြမ္မာလို့အမည်ခံတဲ့ ဇာတ်ဆရာအလိုကျဘဲလေ သူ့ဘ၀ဇာတ်ခုံမှာ ကိုကို့ကိုမုန်းခဲ့ပြီးပြီ ၊ ဟော....အခုတော့နောက်ဆုံးထွက်သက်ထိအချစ်တွေကိုပုံပေးလိုက်တော့မယ် ။ ဘ၀မှာလုပ်ခဲ့ဖူးတဲ့ထဲက အကောင်းဆုံးလုပ်ရပ်ကိုပြပါဆို တုန့်ဆိုင်းမှုမရှိဘဲ ပတ်ဂျီမင် ကိုချစ်တာ လို့ဖြေမိမှာ ဧကန် ။

အတွေးနယ်ကျွံနေတုန်း ကုတင်ထက်ကပုံရိပ်လေးကလှုပ်ရွရွ ၊ တွန့်ချိုးနေတဲ့မျက်ခုံးတွေကအရ အိပ်မက်ဆိုးများမက်နေသလား ကျွန်တော့်ကိုကိုရယ် ။ ဒီလူသားကိုဒီလောက်နှိပ်စက်ပြီးတော်ရောပေါ့ ဘာလို့များ အေးချမ်းစွာအိပ်စက်နေတဲ့လူသားကို အိပ်မက်ဆိုးတွေနဲ့နှိပ်စက်ရပြန်တာလဲ ။

"ဂျောင်...ဂျောင်ဂု!!!"
____________________

"မာမီ"

"ဒီနေရာကသားငယ်နဲ့မသက်ဆိုင်သေးဘူးလေ ။ ပြန်သွားတော့"

"ကျွန်တော်အသက်ရှင်ရတာပင်ပန်းလာပြီ မာမီရယ်"

"ဒါပေမယ့်သားငယ်ရယ် သားငယ်ကိုစောင့်နေမယ့်သူအတွက်ရော မတွေးတော့ဘူးလား"

"သူလည်းကြာရင်မေ့သွားမှာပါ"

"သားငယ်ကရောမေ့နိုင်လို့လား"

"ကျွန်...ကျွန်တော်"

"ကိုကိုသတိရလာပါတော့"

ကြားလိုက်ရတဲ့အသံသဲ့သဲ့က သူ့ရဲ့နှောင်ကြိုးလေး ဂျွန် ။

LOVER = LO$ER //Complete//Where stories live. Discover now