Part-17 (Unicode)🔞

4.5K 213 4
                                    

"အ.."

အိပ်ယာနိုးတော့ မျက်နှာသစ်ရန်ထလိုက်သော်လည်း အောက်ပိုင်းကနာကျင်မှုဒါဏ်ကြောင့် ယွန်းညည်းတွားလိုက်သည်။ ဘေးတွင်ရှိနေသော သူမကတော့ ယခုထိနှစ်ခြိုက်စွာအိပ်ပျော်နေတုန်း...။ ယွန်း အသာလေးပြန်လှဲအိပ်လိုက်ရင်း သူမမျက်နှာလေးကို ငေးနေမိသည်။

နှာတံချွန်ချွန်လေးတွေ နှုတ်ခမ်းပါးပါးလေးတွေဟာ ယွန်းရဲ့ မြတ်နိုးရခြင်းတွေပေါ့။ သူမရဲ့နှာတံလေးတလျှောက် ယွန်းရဲ့လက်ညှိုးလေးဖြင့် တို့ထိလိုက်သည်။ နှုတ်ခမ်းပါးလေး‌စီ အကြည့်ရောက်သွားပြန်တော့ ရင်တစ်စုံဟာအထိန်းအကွပ်မဲ့စွာ ခုန်လာပြန်၏။

"ဘာတွေ အဲ့လောက်ကြည့်နေတာလဲ"

မျက်လုံးမှိတ်ထားလျက်မှ ပြုံးစစလုပ်ကာ မေးလာသောရှင်းမြတ်အမေးကြောင့် ယွန်းလန့်သွားလေသည်။

"ဟင်..? ဘယ်တုန်းထဲကနိုးနေတာလဲ"

"ယွန်း ကိုယ့်မျက်နှာကိုလက်ညှိုးနဲ့ထိလိုက်ကတည်းက ဟီးဟီး"

"ဘာရယ်တာလဲ လူဆိုးကောင်"

"ချစ်လို့ဆိုးတာပါကွာ ဒါနဲ့ အရမ်းနာနေလားဟင်"

"နာတာပေါ့ လူယုတ်မာကြီးရဲ့ လူကိုညင်ညင်သာသာမှမလုပ်တာ"

"နောက်ဆိုညင်သာပါ့မယ်ကလေးလေးရယ် ကဲ...အခုမထနိုင်ဘူးဆိုတော့ လာ...ကိုယ်ချီမယ်"

ကုတင်ပေါ်မှထလိုက်ပြီး ယွန်းရဲ့ကိုယ်လေးကိုပါပွေ့ချီလိုက်လေသည်။

"ဘာလုပ်တာလဲ ပြန်ချပေး...လူကိုကလေးများမှတ်နေလား"

"မချပေးနိုင်ပါဘူး အတူတူရေချိုးကြမယ်လေ"

"အား...ရှင်းမြတ် လူဆိုးကောင်ကြီး..."

မနက်ခင်းလေးဟာ သူမတို့နှစ်ယောက်ရဲ့ရယ်သံ‌လေးများဖြင့်ပြည့်နှက်သွားခဲ့သည်။

                             ******

"Boss...ယွန်းကို ဒါလေးလက်မှတ်ထိုးပေးပါအုံး"

ရုံးခန်းထဲဝင်လာပြီး နှစ်ဦးတည်းရှိနေတာတောင် Bossလို့ခေါ်လိုက်သဖြင့် ရှင်းမြတ်မျက်နှာဆူပုတ်သွားလေသည်။ လုပ်ငန်းခွင်နေရာများတွင် အလုပ်သမားနှင့် အလုပ်ရှင်လို ဆက်ဆံချင်သည်ဟု ယွန်းပြောထားသောကြောင့် ရှင်းမြတ်လက်ခံထားခြင်းပင်။ သို့ပေမဲ့ ယခုနှစ်ယောက်တည်းရှိသည့်အချိန်တွင်တောင် Bossဟုခေါ်လိုက်သောကြောင့် စိတ်ဆိုးသွားရသည်။

Worthy (Complete)Where stories live. Discover now