Part-19 (Unicode)

2.4K 167 4
                                    

"ယွန်းရဲ့အဖေသေတာ ငါ့ကြောင့်ပဲ"

ရှင်းမြတ်ပြောသမျှတွေက သွန်းဝတီအတွက် အံ့အားသင့်စရာတွေကြီးဖြစ်နေသည်။ ဒါပေမဲ့ ရှင်းမြတ်မျက်နှာဟာ တကယ့်ကိုစိုးရိမ်ပြီး စိတ်ဖိစီးနေသည့်ပုံပင်။

"ရှင်း...နင်ပြောတာငါနားမလည်ဘူး ယွန်းရဲ့အဖေကို နင်ဘာလုပ်လိုက်တာလဲ"

"ယွန်းရဲ့အဖေဦး‌ကျော်စွာဆိုတာ အစကငါ့Daddyရဲ့လူယုံတစ်ယောက်...Daddyက ငါ့siteထဲမှာလူလိုတယ်ဆိုလို့ ဦးကျော်စွာကိုငါ့ဘက်လွှဲပေးလိုက်တယ်...နောက်ရက်ကျ ငါ့ကျောက်တစ်ချို့ကို ဖောက်သည်ဆီပေးမဲ့အစား သူကကြားထဲကဖြောင်လိုက်တာ...သူ့ကိုမေးတော့သူကလဲမဖြေဘူး..."

ရှင်းပြရင်း မောလာသည်ထင်သည်။ ခုံပေါ်က ဝိုင်ခွက်ကိုမော့သောက်လိုက်ရင်း ဆက်ပြောလာသည်။

"ပြီးတော့ ငါ့လူတစ်ယောက်ကို အဲ့ဘက်ကသတ်ပစ်လိုက်တယ်...အဲ့တော့ငါလည်းဒေါသအရှိန်နဲ့ ဦးကျော်စွာကိုသတ်ဖို့ ငါ့တပည့်ကိုခိုင်းလိုက်မိတယ်....ငါ့ရှေ့မှာတင်ပဲ သတ်ခိုင်းလိုက်တာ ယွန်းရဲ့ဆေးဖိုးလိုလို့ အခုလိုလုပ်တာမှန်းသာငါသိခဲ့ရင် အဲ့လောက်ထိငါလုပ်မှာမဟုတ်ဘူး"

"ရှင်း...နင်...နင်..တကယ်ပဲ..."

သွန်းဝတီ တော်တော်ပင်တုန်လှုပ်သွားခဲ့သည်။ သူမ သိခဲ့သောရှင်းမြတ်ဟာ ဒီလိုပုံစံမျိုးမှမဟုတ်ခဲ့တာ။ လူတစ်ယောက်လုံးကိုသတ်ပစ်ရလောက်တဲ့ထိ လုပ်လိမ့်မယ်လို့ တကယ်ပင်မထင်ထားခဲ့။ ယခုတော့ သူမက လူသတ်ဖို့အမိန့်ပေးမိသည်တဲ့လား..။ ပြီးတော့သူမ ရှေ့မှာတင်..။

"အဲ့တုန်းကသာ အခုလိုမျိုးတွေဖြစ်လာမယ်မှန်းသိရင် ငါလုပ်ခဲ့မှာမဟုတ်ပါဘူးဟာ ယုံပါ ဦးကျော်စွာက ယွန်းရဲ့အဖေမှန်းလဲ အားလုံးလက်လွန်ပြီးမှသိခဲ့ရတာ...ငါ့ကို ကူညီပါအုံးဟာ"

ရှင်းမြတ်၏သွေးပျက်နေသောပုံကို သွန်းပထမဆုံးမြင်ဖူးခြင်းပါ။ ရှင်းမြတ်နည်းတူ သွန်းလည်းပဲထိတ်လန့်နေမိသည်။ ဒီကိစ္စကိုသာ ယွန်းသိသွားရင် ရှင်းမြတ်ကိုစိတ်နာသွားမှာသေချာသည်။ ဘယ်လိုလုပ်ရမလဲ..။ သွန်းဝတီဘဝကအခုတော့ ချစ်ရတဲ့သူက သူချစ်ရတဲ့အခြားတစ်ယောက်နဲ့မဝေးသွားရန် စဉ်းစားပေးနေရသည့်အဖြစ်။

Worthy (Complete)Where stories live. Discover now