Part-18 (Unicode)🔞

4.6K 191 2
                                    

"ကျွန်မလက်ကိုလွှတ်တော့! အရမ်းနာနေပြီ"

အခန်းထဲရောက်ရောက်ခြင်း ရှင်းမြတ်ဆွဲထားသောလက်ထဲမှ အတင်းရုန်းကာပြောလိုက်သည်။

"မင်း ဘာအချိုးချိုးတာလဲ ဟမ်!"

"ရှင်ဘာတွေပြောနေလဲဆိုတာ ကျွန်မနားမလည်ဘူး"

"အခေါ်အဝေါ်တွေပါပြောင်းကုန်တာလား ဟား..အဲ့ကောင်ကိုအရမ်းကြိုက်သွားတာလား"

"ရှင်းမြတ်!"

"ဘာလဲ!! မင်းအခုငါ့ရှေ့မှာလုပ်လိုက်တဲ့ အပြုအမူအတွက် မင်းမှာဖြေရှင်းချက်သေးသေးလေးတောင်မရှိဘူးလား"

"ကျွန်မကဘာကိုဖြေရှင်းချက်ပေးရမှာလဲ ဒီမေးခွန်းတွေက ကျွန်မမေးရမဲ့မေးခွန်းတွေပါ"

"ငါက ဘာတွေများမင်းအပေါ် မကောင်းတာတွေလုပ်ထားလို့လဲ ဟမ်!"

ပြောရင်းမာန်ပါလာတော့ ရှင်းမြတ်နှင့်ယွန်းတို့အသံဟာ ပို၍ကျယ်လောင်လာသည်။

"ကျွန်မဘေးနားထိုင်နေရင်းနဲ့တောင်မနေနိုင်မထိုင်နိုင် ရှင့်ရဲ့ချစ်လှစွာသောသူငယ်ချင်းမလေးနားသွားပြီး မုန့်ခွံ့တာကိုစားနေတာလေ သူတော်ကောင်းကြီးရဲ့"

"ယွန်း! မင်းတရားလွန်နေပြီနော် သွန်းဝတီဆိုတာငါနဲ့ရိုးရိုးသားသားခင်တဲ့သူငယ်ချင်းတွေ"

"ရိုးရိုးသားသား..?ရှင်မသိပေမဲ့ ကျွန်မကတော့သိတယ် အဲ့သွန်းဝတီဆိုတဲ့မိန်းမက ရှင့်အပေါ်မရိုးမသားဖြစ်နေတာကိုလေ"

"စောက်အဓိပ္ပာယ်မရှိတာတွေတော်တော့ မင်းသာဟိုကောင်ထွန်းလှနဲ့ပလူးနေတာလေ ဟမ်!!"

"ရှင့်စကားတွေက ကျွန်မသိက္ခာကိုပါ ထိပါးလာပြီနော် ရှင်းမြတ်"

"ဒါဆိုပြောလေ ပြောစမ်းပါ!! ဘာလို့အဲ့ကောင်တိုက်တဲ့ဝိုင်တွေကိုသောက်ရတာလဲ ဘာလို့အဲ့ကောင်မျက်နှာကိုထိရတာလဲ ငါနာကျင်ရမယ်ဆိုတာ မင်းနည်းနည်းလေးတောင်ထည့်မစဉ်းစားဘူးလား ဟမ်!"

ရှင်းမြတ် ယွန်း၏ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်ရည်များဖြင့်ပြောလာလေသည်။ အတိုင်းအဆမရှိကျဆင်းလာသော မျက်ရည်စများကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း ယွန်းကိုပါကျောပေးရပ်လိုက်သည်။

Worthy (Complete)Where stories live. Discover now