Part-28 (Zawgyi)

601 31 3
                                    

"ဘိုးဘိုးသားလေး လာပါအုံး...Jackလေးကိုလွမ်းနေတာ"

Jackလေးက တကယ်ကိုလူခင်တဲ့ကောင်လေးပင်။ ယခုလည်း သုံးရက်လောက်သာဦးဌေးအောင်နှင့် တွေ့ရသေးသော်လည်း ယွန်းနားတောင်မကပ်တော့တဲ့ထိ ချွဲနေသေးသည်။

"Daddy...Jackကိုပဲမြင်တော့တာလား ရှင်းတို့ကိုကျအရင်မနှုတ်ဆက်ပဲနဲ့"

"Jackလေးက Daddyဆီပြေးလာတာကိုး...အဲ့လိုအနှုတ်ဆက်ခံချင်ရင် Jackလေးလိုပြေးလာလေ"

ဦးဌေးအောင်စကားကြောင့် ယွန်းမှာတော်တော်ပွဲကျသွားသည်။ ရှင်းမြတ်ကတော့ မလွယ်ဘူးဆိုသည့်ပုံဖြင့် ကြည့်လိုက်သည်။

"ကဲ..လူလဲစုံပြီဆိုတော့ သွားကြတော့မလား"

မနက်ကတည်းက ရှင်းတို့နှစ်ယောက်လုံးကိုဖုန်းဆက်ကာ ဆိုင်တစ်ဆိုင်မှာညစာအတူတူစားကြဖို့ မချိန်းစဖူး လှမ်းချိန်းလာသည့် ဦးဌေးအောင်ကြောင့် အထူးအဆန်းဖြစ်သွားရသေးသည်။ ရုံးဆင်းတော့ အိမ်မှာရေမိုးချိုးအဝတ်အစားလဲပြီး Jackလေးပါ ပါအောင်ခေါ်ခဲ့ဖို့တဖွဖွမှာနေတာမို့ ခေါ်လာရခြင်းပင်။

ရှင်းက Driver seatမှာနေရာယူတော့ ယွန်းက ဘေးခုံတွင် ဝင်ထိုင်ပါဟူသောပုံဖြင့် ဦးဌေးအောင်ကိုနေရာဖယ်ပေးသည်။ ဦးဌေးအောင်ပြုံးပြရင်း လက်ကာပြပြီး

"အန်ကယ် Jackလေးနဲ့ပဲနောက်ခန်းမှာထိုင်လိုက်မယ် သမီးဝင်ထိုင်လိုက်နော်"

"ဟုတ် အန်ကယ်"

"ငါ့ကောင် Jack မင်းငါ့Daddyကိုဖားနေတာရပ်နော်"

"သားလေးကိုဆူမနေနဲ့ မောင်းမှာသာမောင်းပါရှင်းလေးရယ်"

သုံးယောက်သားရယ်ရယ်မောမောဖြင့်ပင် ဆိုင်တစ်ဆိုင်သို့ဦးတည်လိုက်သည်။

"အကိုလေး ဒီ့ထက်အချိန်ကိုက်မဲ့အချိန်မရှိတော့ဘူး လှုပ်ရှားလိုက်တော့"

"ကောင်းပြီ လိပ်စာပို့လိုက် ငါလာခဲ့မယ်"

ကားတစ်စီးဟာ ရှင်းတို့ကားနောက်ကနေ ထပ်ကြပ်မကွာလိုက်နေတာ ရိပ်မိလိုက်သော်လည်း စိတ်ထင်လို့ဖြစ်မှာပါဆိုပြီး ကားကိုသာဂရုတစိုက်မောင်းလာခဲ့သည်။ ဆိုင်ရောက်တော့ ကားပါကင်ထိလိုက်မလာပဲ ပြန်ကွေ့သွားသည့်ထိုကားကြောင့် အခုမှပဲ‌စိတ်အေးသွားရသည်။

Worthy (Complete)Where stories live. Discover now