Part-20 (Unicode)

2.1K 154 2
                                    

မနက်ခင်းအလင်းရောင်တစ်ချို့ဟာ ပြတင်းပေါက်ကနေတစ်ဆင့် အခန်းတွင်း နေရာအတော်များများနေကိုနေရာယူထားသည်။ အလင်းရောင်စူးစူးများ မျက်နှာပေါ်ကျရောက်လာသဖြင့် မျက်လုံးနှစ်ဖက်ကိုပွတ်သပ်ကာ ရှင်းမြတ်နိုးလာခဲ့သည်။ နိုးနိုးချင်း နှာခေါင်းထဲသို့ဝင်လာသည့် အနံ့‌သင်းသင်းလေးကြောင့် ဘေးနားတွင် ယွန်းမရှိတော့ကြောင်းသတိထားမိသွားသည်။ သေချာတာကတော့ သူမလေးဟာ မနက်စာအတွက်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

မျက်နှာကိုအလျင်အမြန်သစ်လိုက်ပြီး အောက်ထပ်ရောက်တော့ မီးဖိုခန်းဆီသို့ ခြေလှမ်းတွေကိုဦးတည်လိုက်၏။ တွေ့ပါပြီ သူမရဲ့တစ်ဦးတည်းသောချစ်ရသူလေးကို..။ တံခါးပေါက်ကိုကျောပေးကာ မနက်စာအတွက်အလုပ်ရှုပ်နေပုံပေါ်သည်။ အသံမထွက်စေရန် ခြေထောက်ကိုခပ်ဖွဖွလေးနင်းကာ သူမဆီလျှောက်လာခဲ့သည်။ အနားရောက်တော့ သူမရဲ့ခါးသွယ်သွယ်လေးကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာပွေ့ဖက်ရင်း ပုခုံးလေးဆီမေးကိုတင်လိုက်သည်။

"Good morning ကလေး"

သူမပါးပြင်လေးကို နှာခေါင်းလေးနစ်ဝင်သွားသည်အထိနမ်းရှိုက်ရင်း နှုတ်ဆက်လိုက်သည်။

"နိုးပြီလား မနက်စာပြင်ထားတယ် ကျက်တော့မှာမို့ ခဏစောင့်နော်"

သူမကအပြုံးလေးတစ်ခုဖြင့် ပြန်လည်နှုတ်ဆက်ကာ ချိုသာသောအသံလေးများဖြင့် ပြောလာသည်။

"မနက်တိုင်းကို ဒီလိုလေးဖြတ်သန်းရရင်သိပ်ကောင်းမှာပဲ"

"ဖြတ်သန်းရမှာပေါ့ရှင်းရယ်...ယွန်းက ရှင်းအပိုင်ပဲလေ...မနက်တိုင်း ရှင်းအတွက်မနက်စာလုပ်ပေးမယ်"

ဖြစ်ချင်တာပေါ့...အနာဂါတ်တွေဟာသိပ်မသေချာတော့ဘူး...တစ်ချိန်ချိန်မှာသာ ကိုယ်ကယွန်းအဖေကိုသတ်တဲ့လူသတ်တရားခံပါဆိုတာသိသွားခဲ့ရင်...ကိုယ်မတွေးရဲဘူး ကလေးရေ...

"ဘာတွေတွေးနေတာလဲ...ဖက်ထားတာလေးလဲလွှတ်ပါအုံးရှင့်...ဒီမှာမနက်စာကျက်နေပြီ စားကြရအောင်"

တွေးလက်စအတွေးတွေကိုဖြတ်ပစ်လိုက်ပြီး အတောက်ပဆုံးအပြုံးတစ်ပွင့်ကို နှုတ်ခမ်းထက်မှာဆင်မြန်းလိုက်ရင်း ခုံတွင်ဝင်ထိုင်လိုက်သည်။

Worthy (Complete)Where stories live. Discover now