Chapter-1

4.3K 155 6
                                    

Uni
====
System Upgrades Every Second

အပိုင်း(၁)

ဘာသာပြန်သူ- God System

"ဒင်! ကူပြောင်းစရာ ဝိညဉ်ရှာတွေ့ပါပြီ ။ နတ်ဘုရားအဆင့် အဆင်မြင့်တင်ခြင်း စနစ်နှင့်ချည်နှောင်ခြင်း ကျရှုံးပါသည် ။ စနစ်ကို ပြင်ဆင်နေပါပြီ ။ တိုးတက်မူ...."

ရဲ့ဟန်ဟာ သူ့ခေါင်းထဲမှာ အီလက်ထရောနစ် အသံတစ်ခုကို ကြားလိုက်ရတဲ့အခါမှာ လန့်သွားတယ် ။

မူလကိုယ်ကို စနစ်က ပေါင်စည်းချည်နှောင်ပြီးပေမယ့် စနစ်က
ချို့ယွင်းချက်ရှိနေသည် ။

"မင်းက စုတ်နေတော့ ငါက ဘာလုပ်လို့ရတော့မှာတုန်း"

ရဲ့ဟန် ဆွံ့အနေမိသည် ။

"ဒင်! စနစ်ပြင်ဆင်ခြင်း ကျရှုံးပါသည် ။ အလိုအလျောက် စီစစ်မူစတင်"

"စီစစ်မူ ပြီးဆုံး ။ စနစ်စတိုး တည်ရှိသေးသည် ။ တာဝန်အား ရွေးချယ်ပေးခြင်း ကျရှုံး ။ တာဝန်အား ဖွင့်လို့မရ ... ။ တာဝန်စာရင်းများ ပရမ်းပတာ ဖြစ်နေ ။ စနစ် အပိုင်းအစနှုန်း ၉၉ ရာခိုင်နှုန်း ပျက်စီး...."

စနစ်ရဲ့ အဆက်မပြတ် အသံတွေဟာ ရဲ့ဟန်ကို ခေါင်းမူအောင်လုပ်နေသော်လည်း သူ၏ မဲ့ပြုံးကို တော့မရပ်တန့်နိုင်ပေ ။

စနစ်ရဲ့ ၁ ရာခိုင်နှုန်းလေးနဲ့ ဘာလုပ်လို့ရမှာလဲ ။

"ဒင်! စနစ် တာဝန်ထမ်းဆောင်နေပါပြီ ။ ကျေးဇူးပြုပြီး တာဝန်ကို လက်ခံသူ ကိုယ်တိုင် ပြုလုပ် သတ်မှတ်ပါ "

"ဟမ် ။ ဘာကိုဆိုလိုတာလဲ"

ရဲ့ဟန် အံ့သြသွားသည် ။

စနစ်ရဲ့ ၉၉ ရာခိုင်နှုန်း က ပျက်စီးသွားပြီ မဟုတ်လား ။ ဘာလို့ သုံးလို့ရနေသေးတာလဲ ။

"ခဏ ၊ ငါ့ဘာသာ တာဝန်တွေကို သတ်မှတ်ရမှာပေါ့ ။ ဒါစနစ်က ပျက်စီးပြီး တစ်ခုခု ပြောင်းလဲသွားတာလား"

ရဲ့ဟန်သူ့နှလုံးသားထဲမှ တွေးရင်း မဝံ့မရဲမေးလိုက်သည် ။

"အသက်တစ်ခါရှုမယ် ။ အဆင်ပြေလား"

သူ့ခေါင်းထဲမှာ အတွေးပေါင်းစုံယောက်ယပ် ခပ်နေပေမယ့် စနစ်က မြန်ဆန်စွာပဲ အဖြေပေးလာသည် ။

System Update Every second(mm translation)Where stories live. Discover now