11

708 90 1
                                    

Uni
====
System Upgrades Every Second

အပိုင်း ( ၁၁ )

ဘာသာပြန်သူ - God System

ဘတ်စ်ကားပေါ်ရှိ ခရီးသည်များကလည်း မယုံကြည်နိုင်သည့် မျက်လုံးများနှင့် ရဲ့ဟန်ကို ကြည့် ကာဆွံ့အနေမိသည် ။

ဆွံအ ပြီးနောက်မှာတော့ အကုန်လုံးသည် ဆူညံစွာအော်ဟစ်လိုက်ကြသည် ။

"ဘုရားရေ ၊ ဒီညီငယ်လေးက အံသြစရာပဲ"

"ဒီနေ့တော့ ငါ့ဘဝ အဆုံးသတ်ပြီထင်တာ ၊ ငါတို့ရဲ့အသက်ကို ကယ်လို့ကျေးဇူးတင်ပါတယ် ကောင်လေး"

"ဒီချောချောနဲ့ကောင်လေး က တကယ့်ကို ဒဏ္ဍာရီလာ စစ်သည်တော်ပဲ ဖြစ်ရမယ်"

"ငါအသက်ရှင်တုန်းပဲ ၊ ငါမသေသေးဘူးကွ ၊ ကျေးဇူးပါ ဘုရားသခင်"

"လခွမ်း ၊ မင်း အဲ့ရုပ်ချောချောနဲ့ ကောင်လေးကို ကျေးဇူးတင်ရမှာကွ ၊ သူသာ ဘရိတ်ကို အချိန်မှီမနင်းလိုက်နိုင်ရင် အခုအချိန် ယမမင်း နဲ့ ထမင်းလက်ဆုံ စားနေရလောက်ပြီ"

အခုအချိန်တွင် ခရီးသည်များ ၏ မျက်နှာများသည် ပုံစံမျိုးစုံ ဖြစ်နေပြီး ရဲ့ဟန်ကို ကျေးဇူးတင်စွာကြည့်နေကြသည် ။

ထောင့်နားရှိရဲ့ဟန်လည်း ပျော်ရွှင်သွားသည် ။

အားလုံး ၏ ကျေးဇူးတင်ခြင်းအပြင် စနစ်၏ ဆုလာဒ်များကြောင့်လည်း ပါသည် ။

"ဒင်! လက်ခံသူသည် ဘတ်စ်ကားကို အောင်မြင်စွာ ထိန်းချုပ်ပြီး ဟန့်တားလိုက်နိုင်ပါပြီ ။ ဆုလာဒ် : အလုပ်အကိုင် တစ်ခုကို စက္ကန့်အနည်းငယ်အတွင်း အဆင့်မြင့်တင်နိုင်ပါပြီ ။ ကျေးဇူးပြုပြီး တစ်ခုရွေးချယ်ပေးပါ"

စနစ်၏ အသံပျောက်ပြီးပြီးချင်း ရဲ့ဟန်၏ မျက်လုံးရှေ့တွင်  ဘောင်ကွက်တစ်ခုပေါ်လာသည် ။

ထိုဘောင်ကွက်ထဲတွင် စာကြောင်းပေါင်းများစွာရှိပြီး တစ်ခုချင်းစီသည် အလုပ်အကိုင်တစ်ခုကို ကိုယ်စားပြုသည် ။

"အဆိုတော် ၊ သရုပ်ဆောင် ၊ အပြေးသမား ၊ ဘောလုံးသမား ၊ စားရေးဆရာ ၊ ကဗျာဆရာ ၊ စက်ပြင်ဆရာ ၊ ပိုက်ပြင်ဆရာ....."

ဘောင်ကွက်ထဲရှိ အလုပ်အကိုင်များတွင် အပြင်ဘက်တွင် တကယ်ရှိသည့် အလုပ်အကိုင် အများစုပါဝင်ပြီး ဝင်ငွေ မြင့်မားသော အလုပ်အကိုင် များဖြစ်သည့် အဆိုတော် ၊ သရုပ်ဆောင် ၊ အားကစားသမား ၊ နှင့် ဂုဏ်သတင်းကြီးမားသည့် အလုပ်အကိုင်များအဖြစ် စာရေးဆရာ ၊ ပန်းချီဆရာ ၊ ကဗျာဆရာတို့ပါဝင်သည် ။ ဒါ့အပြင် သာမာန် အလုပ်အကိုင်များဖြစ်သည့် စက်ပြင်ဆရာ ၊ ရေပိုက်ပြင်သမား စသည့် အလုပ်တို့အပြင် သန့်ရှင်းရေးသမား အလုပ်တောင် ပါလိုက်သေးသည် ။

System Update Every second(mm translation)Where stories live. Discover now