8

747 90 2
                                    

Uni
====
System Upgrades Every Second

အပိုင်း (၈)

ဘာသာပြန်သူ - God System

"တာဝန် သတ်မှတ်မယ် ၊ ကျန်းရန်အား အနိုင်ယူခြင်း"

ကျန်းရန် ၏ စိတ်အား ထက်သန်နေသော ပုံကိုကြည့်ရင်း ရဲ့ဟန်ဟာ တာဝန်ကို သတ်မှတ်လိုက်ပါတယ် ။

"တာဝန်ကို အောင်မြင်စွာ သတ်မှတ်ပြီးပြီ ၊ လက်ခံသူဟာ ကျန်းရန်ကို အနိုင်ယူရမည် ၊ တာဝန် ခက်ခဲမူ : E အဆင့် ၊ တာဝန် ရလဒ် : ကျပန်း"

အီလက်ထရောနစ် အသံပြောနေသည့် အချိန်တွင်းမှာပဲ ရဲ့ဟန်ဟာ လှုပ်ရှားလိုက်ပါသည် ။

သူဟာ လက်တစ်ဖက်ကို နောက်ပြစ်ကာ ကျန်လက်တစ်ဖက် ရှေ့သို့ပြစ်ထားပြီး အရမ်းမိမိုက်နေသည့် ဟန် စတိုင်ထုတ်လိုက်တယ် ။(ဘရုစ် စလီစ် စတိုင်)

"ဝင်ချွန်း ရဲ့ဟန်"

ထိုအသံကိုကြားသည့် ကျန်းရန်ဟာ သေလုမတက် ရယ်လိုက်တယ် ။

"ဝင်ချွန်း ရဲ့ဟန် ၊ မင်း တီဗီ ထဲက ပုံစံ စတိုင်ထုတ်တာနဲ့ပဲ ငါယုံမယ် ထင်နေလား ၊ ဝင်ချွန်း ပညာရပ်က ပျောက်ဆုံးသွားတာ နှစ်ရာနဲ့ချီနေပြီ ။ မင်းက ဘယ်သရဲ ဆီကနေ သွားသင်လာတာလဲ"

ကျန်းရန်က သရော်လိုက်ပြီး လက်သီးနဲ့ ထိုးလိုက်တယ် ။

လက်သီးက ပြင်းထန်ဟန်ရှိသော်လည်း တိကျပြတ်သားမူက ပိုကောင်းသည် ။

ကျန်းရန် ၏ သိုင်းပညာသည် ဟာသမဟုတ်ပေ ။ သူသည် ရှားပါးပြီး ပါရမီ ရှိသော မျိုးစေ့ကောင်းတစ်ခုဖြစ်သည် ။

မင်း အရိုက် မခံချင်ဘူးဆိုရင် ဒူးထောက်ပြီး ဖေဖေ လိူ့ခေါ်လိုက် ၊ ငါရဲ့ နောက်ဆုံး နာမည်ကို ငါပြောင်းပေးမယ်"

သူ့လက်သီးက ရဲ့ဟန်ကို ထိတော့မည့် အချိန်တွင် ကျန်းရန်က လှောင်ပြောင်နေသည် ။

"ဘုန်း"

လက်သီး ထိုးချက်က ရဲ့ဟန် ဆီကို ကျရောက်လာတော့မည့် အချိန်တွင် ရဲ့ ဟန်ဟာ ရုတ်ခြည်းရှောင်ရှားလိုက်ကာ ကျန်းရန်၏ လက်သီးချက် ကို လက်တစ်ဖက်ထဲနှင့် အေးဆေးစွာ ကာကွယ်လိုက်သည် ။

System Update Every second(mm translation)Where stories live. Discover now