16

665 86 1
                                    

Uni
=====
System Upgrades Every Second

အပိုင်း ( ၁၆ )

ဘာသာပြန်သူ - God System

လုဘိုယန်း နှင့်စုန့်ကျင်းတို့သည် ရဲ့ဟန်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြသည် ။ ရဲ့ဟန်ကတော့ ပုံမှန် လုပ်နေကြ တာဝန်သတ်မှတ်ခြင်းကို မေ့လျော့ပြီး ဆုလာဒ်တွေကို ဆုံးရှုံးတော့မလို့ပင် ။

ဒါပေါ့ ၊ရဲ့ဟန်သည် အလွှာတစ်လွှာ ကြယ်တစ်လုံး ကိုယ် ခန္ဓာ သန်မာ မူလေးနှင့် အစောပိုင်း သိုင်းပညာ အဆင့်မှ သေမျိုး သိုင်းပညာအဆင့်ကို ဝင်ရောက်ခဲ့တာ ဖြစ်သောကြောင့် သူ့တစ်ကိုယ်လုံး မနာကျင်မှ သာ ထူးဆန်းနေလိမ့်မည် ။

"တာဝန် သတ်မှတ်မယ် ၊အဆင့်ချိုးဖြတ်ခြင်း"

ရဲ့ဟန် အခွင့်ကောင်းကြီးကို လက်မလွှတ်နိုင်ပါဘူး ။

ဒုတိယ အဆင့်သို့ အဆင့်မြှင့်တင်ခြင်းသည် အလွန်အမင်း နာကျင်ရသော်လည်း သူဘာ မှ လုပ်စရာမလိုပေ ။ သူက ဖော်လို လိုက်သွားပြီး အဆင့်မြှင့်တင်ပြီးတာကို စောင့်ရုံပင် ။

"ကျောင်းသား ရဲ့ဟန် ၊ မဟုတ် မစ်စတာ ရဲ့ဟန် ၊ မင်း ဘာလို့ ရုတ်တရက်ကြီး သိုင်းပညာရှင် ဖြစ်လာရတာလဲ"

လုဘိုယန်း ၏ အသံသည် နှိမ့်ချသည့်ပုံပေါက်နေပြီး ရဲ့ဟန်ကို ရိုသေလေးစားဟန်ရှိသည် ။

ယေဘုယအားဖြင့် ရဲ့ဟန်သည် ယခု မှ သိုင်းပညာရှင် ဖြစ်လာပြီး သိုင်းပညာရှင် အစောပိုင်းအဆင့်ဖြစ်နေရင်တောင် လုဘိုယန်း နှင့် အဆင့်တူ နေပြီဟု ပြောလိုရသည် ။ ဒါကြောင့် သူက ဘာလို့ မာန်တက်ပြီး အထက်စီး ကပြောနေရအုံးမှာလဲ ။

ယခုလို ညဏ်ကောင်းပြီး အရိပ်အကဲနားလည်သောကြောင့်လည်း လုဘိုယန်းသည် အသက် ၄၀ မတိုင်ခင် စစ်ဆေးရေး ရဲဌာန၏ ဒါရိုက်တာ ဖြစ်လာခြင်းပင် ။

အရင်ကတော့ ရဲ့ဟန်၏ လုပ်ဆောင်ချက်တွေကို ကြားပြီး ရဲ့ဟန်သည် အနာဂတ် မှာ အလားအလာ ရှိသည့် လူငယ်လေး တစ်ဦး ဟုသာ တွေးထင်ထား တာဖြစ်သည် ။
ရဲ့ဟန်၏ ဆုကြေးငွေ တိုးသွားရသည့် အကြောင်းအရင်း က လည်း ရှန်းဝူ ဌာနက မာထောင်နှင့် ကောင်းကင် အဖွဲ့က ချီယန်တို့ စိတ်ဝင်စားနေသည့် အကြောင်းအရင်းကြောင့်လည်း လည်းဖြစ်သည် ။

System Update Every second(mm translation)Where stories live. Discover now