15

660 86 1
                                    

Uni
=====
System Upgrades Every Second

အပိုင်း ( ၁၅ )

ဘာသာပြန်သူ - God System

"ငါ့က အမြင်ကျဉ်းပြီး ဗဟုသုတ လည်းတော်တော် နည်း တာပဲ"

ရဲ့ဟန်သည် ရလာသည့် နေရှင်နယ် ဒရက်ဂွန် ဒင်္ဂါးတွေနှင့် အိမ်ဝယ်မည်ဟုတွေးမိသည်ကို အရှက်ရနေမိသည် ။

သိုင်းပညာရှင်တွေနှင့်နှိုင်းယှဉ်လျှင် သူသည် ထောင်သောင်း မီလီလျံချီသည့် ငွေကြေးတွေကိုလည်း စွန့်လွှတ်နိုင်သည် ။

"ကံကောင်းစွာနဲ့ ၊ ငါ့မှာ စနစ်ရှိနေတယ်"

ထိုသို့တွေးလိုက်မိတာနဲ့ ရဲ့ဟန် ဝမ်းသာသွားသည် ။

တစ်ခဏအတွင်း လုဘိုယန်းက ဆက်ပြောသည် ။

"သူတို့က တကယ့်ကို ရေမရောတဲ့သိုင်းပညာရှင်တွေပဲ ၊ ပုံမှန်သိုင်းပညာရှင် တွေက ဖုံးကွယ်နေတဲ့အတွက် သူတို့မှာ အာဏာလည်း မရှိဘူး ၊ စွမ်းအား လည်း မရှိကြဘူး ။ သူတို့နှစ်ယောက်ကတော့ ချွင်းချက်ပေါ့ ၊ ဒါပေမယ့် ဆင်ကို နိုင်တဲ့ ပုရွက်ဆိတ်တွေဆိုတာလည်း အများကြီး မရှိပါဘူး"(အာဏာ တွေ အဆက်အသွယ်တွေ ရှိတဲ့ သိုင်းသမား အများကြီး မရှိဘူးလို့ ဆိုလိုတာ)

"ရှန်းဝူ ဌာန နဲ့ ကောင်းကင် အဖွဲ့က လူတွေက ငါ့ကို ကြောက်လန့်စေတယ် ၊ သူတို့က စစ်သည်တော်တွေနဲ့ လုပ်နိုင်စွမ်းရှိတဲ့လူတွေရဲ့ အဖွဲ့အစည်းဖြစ်တယ် ၊ သူတို့ စကားတစ်ခွန်းနဲ့တောင်ငါ့ကို ဒါရိုက်တာ ရာထူးက ပြုတ်အောင် လုပ်နိုင်တယ်"

ထိုသို့ ပြောပြီး လုဘိုယန်း မချိပြုံး ပြုံးလိုက်သည် ။

လူအများစု၏ မျက်လုံးထဲတွင် လုဘိုယန်း ၏ ကျင်းလင် စစ်ဆေးရေး ရဲဌာန ဒါရိုက်တာ ရာထူးသည် မြင့်မားလွန်း လှသည်ဟု ထင်ရပြီး အကောင်းကြီးကြီး ဟုပင် ပြောလို့ရသည် ။

ဒါပေမယ့် ရှန်းဝူ ဌာန နှင့် ကောင်းကင်အဖွဲ့လို အဖွဲ့ အစည်း တွေတွင်တော့ လုဘိုယန်းသည် ပုရွက်ဆိတ်တစ်ကောင်နှင့်မခြားပေ ။

ဘေးနားတွင်ရှိနေသည့် ရဲ့ဟန်လည်း ခေါင်းညိတ်လိုက်သည် ။

သူက ဒီကမ္ဘာကြီး ကို သူ့အရင် မြေကမ္ဘာနှင့် တူညီသည့် အပြိုင်ကမ္ဘာဟု သတ်မှတ်ထားတာဖြစ်သည် ။ ဒါပေမယ့် ဒီကမ္ဘာကြီးသည် သူထင်သလောက် မရိုးရှင်းနေဟု ခံစားလိုက်မိသည် ။

System Update Every second(mm translation)Where stories live. Discover now