CHAPTER 71 - Don't Cry

8.2K 1.4K 131
                                    

Unicode

စုန့်ရီဒီဇာတ်ကားကိုအတော်လေးသဘောကျတယ်။ မျိုးဆက်တစ်ခုရဲ့အမှတ်တရအနေနဲ့ ပြန်ပီးတစ်ခါပြန်ထုတ်လွှင့်ခဲ့တဲ့ 3D version က China မှာ တသသဖြစ်စေတဲ့လှိုင်း​လုံးကြီးဖန်တီးပေးခဲ့တယ်။ ကျောင်းမှာရှိတဲ့ချစ်သူရည်းစားတိုင်းဟာ ဇာတ်ကားကြည့်ရအောင်သွားခဲ့ကြတယ်။

စုန့်ရီကအဲ့တုန်းကအချိန်ပိုင်းအလုပ်နဲ့မအားလပ်ဘူး။ ပိုက်ဆံရှာတဲ့အထဲကို ပျော်ပါးစရာကိစ္စကကြားမညှပ်နိုင်ဖြစ်နေရတယ်။ ဒီဇာတ်ကားကြည့်ဖို့ကသူနဲ့လွဲချော်ဖို့ကံပါလာတယ်။

"မင်းဘာလို့ငါနဲ့ဒီဇာတ်ကားကြည့်ချင်ရတာလဲ?" စုန့်ရီသူ့ကိုမျက်လုံးဝင့်ပီးကြည့်လိုက်တယ်။

ကုရှင်ချွမ်းကဘီယာဗူးကိုအရေးမစိုက်သလိုကစားရင်း စုန့်ရီကိုကြည့်လာတယ် "ငါပျင်းလို့ မင်းကိုစရအောင်ခေါ်လိုက်တာ"

စုန့်ရီကဖွဖွလေးရယ်လိုက်တယ်။ ကျောင်းတုန်းကကုရှက်ချွမ်း ရှန်းလီကိုသေချာမလိုက်လဲဆိုတာ အံ့ဩစရာတော့ကောင်းမနေဘူး။ သူ့ရဲ့ရှိသမျှစွမ်းအားအများစုကကို သူ့ကိုရန်စတဲ့နေရာမှာသုံးထားတယ်။ သုံးရက်မှာနှစ်ရက်ကသူနဲ့အချေအတင်ဖြစ်နေရတယ်။

စုန့်ရီတွေးကြည့်မိတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းတွေကကြွကြွရွရွဖြစ်နေပီး စွမ်းအင်တွေကိုမြှုပ်နှံစရာနေရာမရှိဖြစ်နေတော့ သူ့ဆီကိုပုံချတယ်။ အခုကျတော့လဲ အင်း ... ။ သူကုရှင်ချွမ်းကိုတကယ်နားလည်မှုလွဲခဲ့တာပဲ။

အဲ့ဒီတုန်းကသူတုံးတာလား ကုရှင်ချွမ်းတုံးတာလား သူလဲမသိဘူး။ ဒါပေမဲ့အခုတော့အဲ့တာကိုရှာဖွေဖို့အချိန်ရောက်ပီ။

အရင်တုန်းကကုရှင်ချွမ်းကဒီလိုအချစ်ကားကိုသူနဲ့ကြည့်ဖို့ပြောခဲ့ရင် စုန့်ရီအဲ့ဒီညမှာအိပ်မက်ဆိုးတွေမက်လောက်တယ်။

"မင်းဘာကိုရယ်နေတာလား?" ကုရှင်ချွမ်းကလက်ဆန့်ထုတ်ပီး သူ့ပါးကိုလာပုတ်တယ်။

စုန့်ရီကအရယ်ရပ်လိုက်ပီး အကြိမ်အနည်းငယ်လောက်ချောင်းဟန့်လိုက်တယ်။ သူ့မျက်လုံးနက်နက်လေးတွေကအရောင်တလက်လက်နဲ့တောက်ပနေတယ်။ " ဘာမှဟုတ်ပါဘူး စားကြရအောင်"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now