Chapter 1

2.8K 60 0
                                    

Unicode

9တန်းစာမေးပွဲဖြေဖြေပြီးချင်း ကျမ အရမ်းတက်ကြွနေတယ်။အရမ်းလဲပျော်တယ်။ ဆရာမက အသင်အပြလဲကောင်း စာလဲ အကုန်ရပြီးသားမို့ အတန်းကောင်းကောင်းရမှာသေချာသည်။ တကယ်တော့ အတန်းကို ကျမဂရုမစိုက်ပါဘူး ။ အောင်ရင်သာ ကျေနပ်တယ်။
.
စာမေးပွဲဖြေပြီးတော့ လမ်းမှာတွေ့တဲ့ မိတ်ဆွေတွေရော အမျိုးတွေ ကရောပြောကျတယ် ၁၀တန်းကျောင်းသူကြီး ဖြစ်တော့မှာပေါ့ ၊ ဂု‌ဏ်ထားဘယ်နှစ်ခုမှန်းထားလဲ စသဖြင့်ပေါ့နော်
တကယ်တော့ ကျမ ၁၀တန်းဆိုတာကြီးကို ဂရုမစိုက်ပါဘူး ၉တန်းလိုပဲ အချိန်တန် အောင်မယ်မှန်း ကျမကိုကျမ သိနေတယ်။ တကယ်ကို ကျမတက်ကြွနေခဲ့တာ ၊ ၃လပိုင်းတောင်မကုန်သေးဘူး ကျူရှင်တက်ချင်လို့ ရွပိုးကိုထိုးလို့ ၊၄လပိုင်းတစ်ရက်နေ့ကျတော့ ကျူရှင်တက်ချင်လို့ လိုက်စုံစမ်းတော့ နာမည်ကြီးကျူရှင်‌ေတွရော ၊ကျမအမတက်ခဲ့ဖူးတဲ့ ကျူရှင်‌ရော မဖွင့်သေးဘူး။ အဲ့တာနဲ့ အမေ့အသိ ညွှန်းတဲ့ ကျူရှင်ကို ရောက်သွားတယ် ။ ဆရာတွေက သဘောကောင်းတယ်ပေါ့ ။ရောက်သွားတော့ တကယ်လဲ သဘောကောင်းပါတယ် ။ ရောက်သွားတော့ ဖောင်‌ဖြည့်ခိုင်းတယ်။ ဂုဏ်ထူး ဘယ်နှစ်ခုမှန်းထားလဲတဲ့ ။
"Math, physic, biology"လို့ရေးခဲ့တယ်။ ဆရာကလည်းကြည့်ပြီး သဘောတွေကျနေသည်။

ကျမ ပထမဆုံးသင်တာ englishပေါ့ ဆရာက အသက်၆၀လောက်ရှိပြီ grammarတွေ သင်ပေးတယ် ။ ၄လပိုင်းသက်ြန်မရောက်ခင်အထိ eng တစ်မျိုးပဲ သင်ရတယ်။ သက်ြန်ရောက်တော့ ပိတ်ရက်ရတာနဲ့ အမျိုးတွေဆီသွားလည်ကြတယ်။ ၁၀ရက်လောက်။ ကျူရှင်က ၁၀ရက်မပိတ်ပေမယ့် အပိုခွင့်ယူခဲ့တယ် ။

အမျိုးအိမ်ရောက်တော့ အမျိုးတွေက ဝတယ် ။ဝိတ်ချအုံး။နင်ဘယ်လိုလုပ် ယောက်ျားရမှာလဲ အဲ့ပုံနဲ့ ။ကျမ‌ေယာကျ်ားဆိုတာကို တကယ်ဂရုမစိုက်ပါဘူး ။ မယူပါဘူး ။ ဘာလို့ယူရမှာလဲ။ စသဖြင့်သာ ကျမခံပြောခဲ့တယ် ။ ကျမကို သူတို့ အပြောလွန်လို့ ကျမ ခေါင်းအုံးတွေကို အပြင်လွှတ်ပစ်ပြီး အဲ့ဒီ့နေ့တစ်ညလုံး မျက်ရည်လည်ရွဲဖြစ်ခဲ့သေးတယ် ။ ဒါပေမယ့် ကျမ ကိုယ့်ဘာသာကိုဝတယ်မထင်သေးဘူး ပြည့်ရုံလောက်ပေါ့ ။ ကျမ အရပ်က ၅ပေ၃လက်မခွဲ ပေါင်ချိန် ၁၃၅ ကျမခန္ဓာကိုယ်ကိုကျမကြိုက်တယ် ဘယ်သူတွေဘယ်လောက်ပြောပြော။

He crushed my soul (Completed)Where stories live. Discover now