Chapter 10

563 20 0
                                    

Unicode

"တောင်" ကျမ messengerကကောက်ဖွင့်လိုက်တော့ သူမက ကျမကိုစာပို့ထားသည်။
"သံစဉ် ငါနဲ့သူရန်ဖြစ်ထားတယ်"
"ဟင် ဘာဖြစ်လို့လဲ"
"ငါတကယ်ကို မသိတော့ဘူး" ကျမဘယ်လိုနှစ်သိပ်ပေးရမလဲမသိဘူး သူမတကယ်ဝမ်းနည်း‌နေသည်။
"ငါ သူ့ကို crush နေတာ"
"......."
"နှစ်နှစ်လောက်ရှိ‌ေနပြီ ဒါပေမယ့် သူ့ကို ဆက်မကြိုက်ရဲတော့ဘူး"
ကျမ ရိပ်မိနေခဲ့ပေမယ့် ကျမကို တကယ် ရှော့ရစေသည်။ ကျမသူ့ကိုကြိုက်တာ လပိုင်းသာရှိသေးပေမယ့် သူမက နှစ်နှစ်တောင် ရှိနေပြီ။ တကယ်လူတစ်ယောက်ချစ်မိတဲ့ ခံစားချက်ကို ကျမနားလည်ပါသည်။ တစ်ဖက်သက်ချစ်ရတဲ့ ခံစားချက်ကပိုဆိုးမှန်းလဲ ကျမသိသည်။ သူတင်သမျှပို့စ်တိုင်း လိုက်ကြည့်နေခဲ့ပြီး လူတိုင်းကို စောင့်ကြည့်နေတာ တစ်ယောက်တည်း ဘာမှမဆိုင်လည်း သဝန်တွေတိုလို့ တကယ်ကိုအရူးမကြီး။ ကျမ အခုအချိန်မှာ ကျမအချစ်တွေနောက်ရောက်နေပြီဆိုတာကို ကျမသိလိုက်ရသည်။ ကျမစိတ်ထဲမှာ သူမစိတ်သက်သာရာ ရဖို့ ဘာမဆို လိုက်လျောပေးမယ်လို့တွေးထားသည်။

သူမက " သူ့ကို လက်လျော့ပေးပါလား"
ကျမရင်ထဲ ဘလောင်တွေဆူသွားသည်။
ဒါပေမယ့် သူမလေးပျော်ဖို့သာ ကျမအရေး
ကျမ စိတ်ထဲက မပါပေမယ့် "ကျမကြိုးစားကြည့်မယ်" လို့ ပြောလိုက်ပါသည်။ ဒါပေမယ့် သူမကို ကျမ ကတိမပေးရဲခဲ့။သူမကတော့ စိတ်သက်သာရာ ရသွားပြီ ဒါကို ကျမတကယ်ကျေနပ်သည်။
.
သူ့ကို ကျမစကားစပ်မိရင်း မေးကြည့်တော့ သူမက သူ့ကို crushနေတာ နှစ်နှစ်ရှိနေပြီ ။သူမဖွင့်‌ေပြာတိုင်း သူကလည်းအကြိမ်ကြိမ်ငြင်းခဲ့တယ်တဲ့။ဒါပေမယ့် သူ့ကို သူမက ဆက်လိုက်နေတုန်းပဲ အလျော့ မပေးခဲ့ဘူးတဲ့ ။
.
First sem စာမေးပွဲကဖြေရတော့မယ်။ ကျမခေါင်းထဲမှာ သူတို့နှစ်ယောက်ရဲ့အတွေးကသာရှိနေခဲ့သည်။ ကျမခေါင်းထဲမှာ ပြိုင်ဘက်ရှိနေပြီဆိုတဲ့ အတွေးကလည်း ဝင်နေသည် ။ သူမနဲ့ကျမ ယှဉ်မပြိုင်ချင်ပေမယ့် ဒီတစ်ခါတော့ သူမထက်ဦးအောင် ငါသူ့ကိုဖွင့်ပြောမယ်ဆိုတဲ့ အတွေးကလည်း ကျမကိုကြီးစိုးနေသည်။

စာမေးပွဲ ဖြေခါနီးရက်ပိုင်း နေလမင်းအိမ်က ဖုန်းသိမ်းထားတော့ သူနဲ့ စကားမပြောရတာ ရက်နည်းနည်းတောင်ကြာနေပြီ။ ကျမစာလည်းမကျက်နိုင်ဘူး။ တစ်ခါတစ်လေ စာကျက်နေရင်း သူ့အကြောင်းတွေခေါင်း‌ထဲရောက်လို့ ကျမ စာကျက်ရင်း ငိုရသည်။ တစ်ချို့ရက်တွေ မိုးရွာလို့ မိုးသံနဲ့ကျမ အကျယ်ကြီး အော်ငိုခွင့်ရသည်။ ကျမသူ့ကို ဖွင့်ပြောလိုက်ချင်သည်။ သူ့ရဲ့ မီးမစိမ်းတဲ့အကောင့်ကိုပဲ ကျမဝင်ကြည့်ပြီး သူ့သူငယ်ချင်းတွေနဲ့ အပြန်အလှန်ပို့ထားတဲ့ ကွန်းမန့်တွေကို လိုက်ဖတ်နေသည်။ သူလိုင်းပေါ်မှာ မရှိပေမယ့် သူ့သူငယ်ချင်းတွေက သူ့ကို tagမြဲ tagဆဲ သူတို့က တကယ်နွေးထွေးသည် ကျမနဲ့မသိပေမယ့် သူတို့ပို့စ် တွေကို reactတွေ လိုက်ပေးပြီး သူတို့ကို စိတ်ထဲက ခင်နေမိသည်။
.
စာမေးပွဲဖြေရင်း နေ့တိုင်း ငိုနေ့ခဲ့ရတာ အောင်မှတ်ဖိုးပဲကျက်တဲ့ကျမက အောင်မှတ်ဖိုးတောင် မပိုင်ချင်တော့ပါဘူး။ စာမေးပွဲခန်းမှာလည်း အကြံအဖန်တွေလုပ်ခဲ့ရသည်။
.
မနက်ဖြန်ဆို စာမေးပွဲပြီးတော့မယ် ။ နောက်ဆုံးနေ့သေချာလုပ်ရမယ်မှန်း ကျမသိပေမယ့် ။ ဦးနှောက်ထဲက ရပြီးသားစာများကတောင် ပြန်ထွက်ချင်နေပြီ။ တကယ်တော့ ဒီနေ့မှ စာအသစ်ကျက်ဖို့လုပ်ထားတာ ကျမ ဘလို မကျက်နိုင်ခဲ့ဘူး ။ ညတိုင်း ခေါင်းအုံးနဲ့ မျက်နှာအပ်လျက်သာကျမ အိပ်ပျော် သွားခဲ့သည်။
.
ဒီနေ့ကျမ ဖြေပြီးသားအမှတ်တွေပြန်တွက်ကြည့်တော့ အောင်မှတ်ဖိုးတောင်မပြည့်ချင် ။ စာမရပေမယ့် နေရာလွတ်မကျန်အောင် စာတွေကိုဖြေခဲ့သည်။ ကျမစိတ်က သူ့ကြောင့်ရှုပ်ထွေးနေတာကလွဲလို့ စာမေးပွဲအတွက် ၅၀/၅၀ပဲ တွေးထားသည်။ တစ်ဘာသာကျရင်လည်း တစ်ဘာသာပဲ ပြန်ဖြေရမှာမို့ ၁၀တန်းတုန်းကထက် ကျမ စိတ်အေးသည်။

He crushed my soul (Completed)Where stories live. Discover now