Chapter 8

567 23 0
                                    

Unicode

ဆော့တဲ့အခါ သူက
"Truth or dare"
"Truth"
"Crushရှိလား"
"အင်း😬"
"ဘယ်သူလဲ"
"မပြောဘူး"
"ပြောလို့မရရင်းရှုံပြီ" သူလုပ်ခိုင်းတဲ့အတိုင်း ကျမ ပို့စ် တင်ရပါတော့မယ် ရှုံးတဲ့အတွက်ပေါ့နော်"

ကျမ က
"နင့်crush ဘယ်သူလဲ"
"......."
"နင်ရှုံးပြီ ဟဟဟ" ကျမမေးတိုင်းလဲ သူဘယ်တော့မှ ပြန်မဖြေခဲ့ပါဘူး။ my dayတွင်သာ သူတစ်ယောက်‌ယောက်ကို crushနေကြောင်း အမြဲတင်သည်။ သူmy dayတင်ရင်အမြဲတမ်းတစ်ယောက်ယောက်ကိုရည်ရွယ်တဲ့ပုံစံ။ အစက အခြားသူလို့ထင်ပေမယ့် အခုတော့ သူကျမကို crushနေပါပြီ။ my dayတွေလည်း အပြန်အလှန်း စောင်းရေးရင်း တင်ကြသည်။ မုန့်ကျွေးလို့ပြောတိုင်း မကျွေးဘူးလို့အမြဲပြောတဲ့ ကောင်ဆိုးလေးကို ကျမရင်တွေတကယ်ခုန်ရပါသည်။
.
သူတစ်ခါလေ သူ့crushကို သူအရမ်းချစ်တယ် သူသိအောင် ပြောချင်တယ်လို့လည်း တင်သည်။ 

"ငါနင့်ကို အမြဲတမ်း stalking လိုက်နေတာ" သူ‌ေဖ့ဘုတ်တွင် ပို့စ်တင်လိုက်သည်။ အောက်မှာ ကောင်မလေးတိုင်းက ငါလား ငါလား နဲ့ မန့်ထားကြသူ က အယောက်နှစ်ဆယ်လောက်ရှိသည်။ အဲ့ဒီ့အယောက်နှစ်ဆယ်ထဲမှာ ကျမလည်း ပါသည်။ သူကတော့ ဘာreplyမှ မပြန် သူ့အကျင့်အတိုင်း haha reactလေးသာ ပေးသွားသည်။ သူ့reactလေး‌ေတွကို ကြည့်တိုင်းလဲ ပျော်ရပါသည်။ ကျမ notification မှာလည်း သူမျက်နှာလေးတွေသူပြည့်နှက်လို့။stalking လိုက်တဲ့သူက တကယ်တော့ကျမ သူ့ရဲ့ အကောင့်မျိုးစုံ ၊သူ့ခံစားချက်‌ေတွ သွားသွားရေးတတ်တဲ့ ဘယ်သူမှမသိတဲ့ fake accountတွေကအစ ကျမအကုန်သိသည်။သူblockထားတဲ့ သူ့ရဲ့အဖေအမေ‌ေတွရဲ့ အကောင့်‌ေတွကအစ ကျမအကုန်သိသည်။ ကျမရဲ့ယောက္ခမလောင်းလေး သူ့အမေက တကယ်ကိုချောသည် ကျမရဲ့အမေက ညိုခေျာပေမယ့်  သူ့ရဲ့အမေက ဖြူချော ။ သူတို့ရဲ့ အရင်က တင်ထားတာတွေ သူ့မိသားစုနဲ့ တွဲရိုက်ထားတဲ့ပုံတွေ၊ သူငယ်တုန်းက ပုံတွေက တကယ်ပဲ ချစ်စရာကောင်းသည်။သူ့မှာ ညီလေးတစ်ယောက်လည်းရှိသည်။ ကျမရဲ့ မတ်ကလေးပေါ့ ။ သူလည်းခန့်ငြားပေမယ့် ကျမရဲ့ နေလမင်းလိုမျိုး မချောမောပေ။ ကျမမျက်လုံးထဲမှာ သူတစ်ယောက်ထဲသာရှိလို့ ဖြစ်ရင် ဖြစ်ပေလိမ့်မည်။ သူတို့ကို အပ်ဖို့ အတွေးဝင်မိပေမယ့် ကျမသူ့ရဲ့ဘဝကို ဝင်ရောက်မစွက်ဖက်သင့်ဘူးဆိုတဲ့အတွေးကြောင့် ကျမရဲ့ လက်များကို ရပ်တန့်ခဲ့သည်။ friendမဟုတ်လို့ထင်တယ် ဝင်ကြည့်တိုင်း အရင်ကပုံအဟောင်းတွေကိုသာအမြဲတွေ့ရပြီး အသစ်ထပ်မတင်တော့ပေ။
.
"တောင်"

He crushed my soul (Completed)Where stories live. Discover now