Chapter 9

556 26 0
                                    

Unicode

ကျမတို့ အမေ့ရဲ့ အသိအိမ် ကိုသွားလည်ကြသည်။ နှစ်ထပ်အိမ်က ဇာတ်ကားတွေထဲကလို့ ခမ်းနားပြီး အလယ်မှာမီးဆိုင်းကြီးရှိသည်။ ဧည့်ခန်းတွင် ဆိုဖာခုံလေးခုံရှိပြီ  ဆိုဖာခုံရဲ့အ‌ေနာက်တွင်  လှေကားအကြီးကြီးရှိတယ် ။လှေကားမှာ ကော်ဇောခင်းထားပြီး တကယ်ကိုကြီးကျယ်သည်။
.
ကျမအမေနဲ့ အမေ့သူငယ်ချင်းက စကားပြောနေကြသည်။ ထိုအချိန် အပေါ်ထပ်က တစ်ယောက်ဆင်းလာတာကို ကျမ မြင်တွေ့လိုက်ရသည်။ ဒါပေမယ့်ဝိုးတိုးဝါးတား

"ရေသောက်မလား "

"......" ကျမလာမှာကို ကြိုသိနေတဲ့ပုံစံနဲ့ သူ့ပုံစံက တည်တည်ငြိမ်ငြိမ်။ ကျမကသာမျက်လုံးတွေပြူးပြီး သူ့ကိုကြောင်ကြည့်နေမိသည်။ သူ့ပုံစံ က အရပ်ရှည်ရှည် အသားကဖြူဖျော့ဖျော့နဲ့ သူ့မှာ မိန်းကလေးတွေကတောင်ရှံးရလောက်တဲ့ ရှည်လျားသေးသွယ်တဲ့ လက်ချောင်းတွေရှိသည်။ သူရဲ့ လက်ချောင်းရှည်များနဲ့ ကျမ ဆွဲခေါ်သွားခဲ့သည်။ ကျမ နှလုံးများခုန်ပြီးတော့ အသက်ရှူတောင်မမှန်ချင်တော့ပါဘူး။ သူဆွဲရာနောက်သာ ပါသွားခဲ့သည်။

သူ့အခန်းလှလှလေးထဲ ကျမ ပါသွားခဲ့သည်။ ကျမက သူ့ကုတင်ပေါ်မှာ ထိုင်နေပြီး သူကတော့ ဘာတွေ အလုပ်ရှုပ်နေမှန်းမသိ။ သူ အခန်းထဲရှိသမျှကို ကျမ လိုက်စပ်စုနေပြီး သူကလည်းမေးသမျှမေးခွန်းတိုင်းကို ပြန်ဖြေပေးသည်။ ကျမသတိမထားခဲ့မိတာ သူ့အခန်းထဲမှာ နောက်ထပ်ကောင်မလေးတစ်ယောက်လည်း ရှိနေသည်။ သူမက အခြားသူမဟုတ် သူ့ရဲ့သူငယ်ချင်း ကျမရဲ့ ချစ်စရာကောင်းတဲ့လိုင်း‌ေပါ်က ညီမလေး။ သူမကို ကျမ‌တွေ့ပေမယ့် စိတ်လည်းမဆိုးမိ ၊ ဘာလို့ရောက်နေတာလဲလည်း မမေးမိပေ။ ကျမတို့ သုံးယောက် ဂိမ်းတွေအတူဆော့ကြပြီး တကယ်ပေျာ်ဖို့ကောင်းသည်။ 

"မေသံစဉ်ရေ မေသံစဉ်" မေမေ့အော်သံက ကျမနားထဲမှာ 'ငါသွားရတော့မယ်ထင်တယ်'

ကျမ မသွားချင်ပဲ ကြိတ်မှိတ်ပြီးသာနေနေမိသည်။

"ဟဲ့ မေသံစဉ် ၆နာရီထိုးပြီ ထတော့"
ကျမမျက်လုံးများပြူးပြီ ဆက်ကနဲ ထလိုက်သည်။ ဖုန်းနာရီကို ကြည့်တော့ ၆နာရီထိုးဖို့ ဆယ်မိနစ်လောက်လိုသေးတယ် ။ ကျမနိုးတာနဲ့ မျက်နာသစ် အလှပြင်ပြီး ရေမချိုးပဲကျောင်းကိုထွက်လာခဲ့သည်။ ကားပေါ်မှာ အိမ်မက်ထဲက သူ့ပုံစံလေးကို ပြန်ပုံဖော်မိသည်။ သီချင်းနားထောင်နေရင်း ကျမမျက်နှာမှာလည်း အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားသည်။ ဘယ်လိုလုပ် သူ့အိမ်ကို သွားလည်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလဲ သူက အခြားမြို့မှာ‌ေနတာ။ ဒီနေ့ကတော့ သူ ကျမအိမ်မက်ထဲကို ပိုင်ဆိုးပိုင်နက် ရောက်ရှိခဲ့တဲ့နေ့ပေါ့ ။ သူနဲ့ကျမက တကယ်ကို ရေစက်ပဲ ။ သူလည်းကျမကို အိမ်မက်မက်လားမသိဘူး ဆိုတဲ့ အတွေးက သီချင်းတွေထက် ကျမခေါင်းထဲမှာ ပြည့်နှက်နေခဲ့သည်။ ကျမရဲ့အတွေးများကို ဖြတ်တောက်ခဲ့သည်က _

He crushed my soul (Completed)Where stories live. Discover now