Chapter 5

649 30 1
                                    

Unicode

လိုင်းပေါ်ကသူတွေ ဆို သူတစ်ခွန်းကိုယ်တစ်ခွန်းပဲ ပြောတဲ့ကျမက အခုတော့ သူ့ကို ယုံပြီး အခြားလိုင်းပေါ်ကသူတွေနဲ့လည်း ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်နေပြီ။ သူနဲ့ ကျမ ဘာတွေပြောမှန်းမသိပေမယ့်အတော်လေး‌ေပျာ်ဖို့ကောင်းပါသည်။ စကားစမပြောတတ်တဲ့ ကျမအတွက် သူကသာ အမြဲ စကားစပြော‌ေပးခဲ့သည်။ သူပြောတာ ဟာသတွေရော game‌ဆော့တာတွေရောစုံလို့ တစ်ခါတစ်ရံ သူ့ထမင်းဘူးကိုပါ ဓာတ်ပုံရိုက်ပြတတ်သေးဘူး ။

"နည်းနည်းကျွေး"

"မကျွေးဘူး "

သူနဲ့ပြောရတာ တကယ်လည်း ပျော်ဖို့ကောင်း ရင်လဲ ခုန်ရသည်။ ကျမတကယ်ကိုချစ်မိသွားပြီ ထင်ပါရဲ့ ။ကျမတစ်ခါမှ မချစ်ဖူးဘူး။ ကြိုက်ပဲကြိုက်ဖူးတာ ကြိုက်တဲ့ ခံစားချက်နဲ့အခုကမတူတော့ဘူး ချစ်မိတဲ့အခါ possessive အပိုင်လိုချင်စိတ်တွေ ပြင်းပြလာသည်။ သူ့ကို တကယ် သံယောဇဉ်တွယ်မိသည်။ အချစ်ဆုံး သူငယ်ချင်းလို အချစ်ဆုံးချစ်ရသူလိုမျိုး။

အတန်းချိန်လစ်ပြီး သူငယ်ချင်းနဲ့ တစ်‌‌ေယာက်တစ်လှည့် ကျောင်းထဲမှာ ဓာတ်ပုံရိုက်နေတုန်း အင်တာနက် ဖွင့်ထားမိတာကြောင့် သူ့ဆီက message ဝင်လာသည်။

"Good morning"
"Good morning"
"ဘာလုပ်နေလဲ ကျောင်းမှာလား"
"အင်း"
စကားတွေပြောပြီး memeပုံတွေအပြန်အလှန်ပို့ကြသည်။ သူ့memeတွေက ရယ်ရပေမယ့် သူစာပို့တဲ့အခါခံစားရတဲ့ ခံစားချက်ကိုတော့ မှီမယ်မထင်ပါဘူး။ကျမမျက်နှာလည်း သွား၃၇ချောင်းလုံးပေါ်လို့။ တစ်လမ်းလုံး သူငယ်ချင်းလက်ကို တွဲ ဖုန်းကိုကြည့်ပြီးသာ ရယ်နေသည်။ ကျမသူငယ်ချင်းကိုလည်း သူ့အကြောင်းတွေပြောပြရင်းနဲ့ပေါ့။

အဲ့ဒီမှာ message တက်လာသည်။

"ငါ့သူငယ်ချင်းကပြောတယ် နင်ရည်းစားနဲ့ပြောနေတာလားတဲ့ "

"Lol haha🤣🤣🤣"

ကျမတကယ်ပျော်သွားမိလို့ရယ်လိုက်တာပါ သူလည်းငါ့ကို ကြိုက်နေပြီထင်တယ် ။ ကျမ အော်ပြီး လမ်းလယ်ခေါင်မှာ ထခုန်လိုက်သည်။သူငယ်ချင်းကိုလည်းအော်ပြောပြီး "ငါ့ကိုလည်း စိတ်ဝင်စားနေလားမသိဘူး"။

He crushed my soul (Completed)Where stories live. Discover now