Chapter 12 end

1.5K 56 4
                                    

Unicode

ကျမ လိုင်းပေါ်မှာ အစောကြီးရှိနေပြီး သူ့ရဲ့မီးစိမ်းကို ထိုင်စောင့်နေခဲ့သည်။သူ မီးစိမ်းလာတဲ့အထိ ကျမ သူ့ကို ဒီအတိုင်းထိုင်ကြည့်နေလိုက်သည်။

"Hi"
"Hi"
"သူမကလည်း ငါ့ကိုချစ်တယ်ပြောတော့ နင်တို့နှစ်ယောက်ပြိုင်ရမယ်"
"ဘလိုမျိုးလဲ"
"ခနနေ ငါပို့စ်တင်လိုက်မယ် ၊အကြမ်းဖြင်းပြောပြထားမယ် နင်တို့နှစ်ယောက် ကွန်းမန့် ပြိုင်မန့်ရမယ်"
"နိုင်တဲ့သူက ငါ့ရည်စားပဲ"
"Omm ငါဂိမ်းဆော့တာတော်တယ်"
.
"တောင်" notificationမှာ သူပို့စ်တင်လိုက်တယ်ဆိုတဲ့ စာကြောင်းလေးတက်လာသည်။
.
ပို့စ်မှာ

"Commentပြိုင်မန့်ရမယ် ကွန်းမန့်ကအယောက်၅၀မြောက်ကို ငါရည်းစားအဖြစ်သတ်မှယ်မယ်"
ကျမဖတ်နေတုန်းရှိသေးတယ် ...

ပို့စ်အောက်က ကွန်းမန့်တွေ ၁၀ ခုကျော်သွားပြီ သူ့သူငယ်ချင်းတွေကလည်းဝိုင်းမန့်ကျသည်။ ကျမလည်း သူမနဲ့အပြိုင် လိုက်မန့်သည်။ ပို့စ်အပြင်ထွက်လိုက်တော့ ကွန်းမန့် ၅၀လည်းကျော်ရော ကျမ ကွန်းမန့်တွေကို တစ်ခုချင်းစီလိုက်ရေသည်။ ကျမရဲ့ ကွန်းမန့်က အယောက် ၅၀ မြောက်မှာ ရှိနေသည်။ ကျမ မယုံနိုင်စွာ နှစ်ခေါက်လောက်ထပ်ရေ မိသည် တကယ် ကျမ ကွန်းမန့်ပဲ။အဲ့ဒါနဲ့ သူ့ကို ကျမသွားပြောလိုက်သည်။

"ငါနိုင်ပြီ"
"ငါအယောက်၅၀မြောက်မှာ နင်ငါ့ကိုချစ်သူအဖြစ်လက်ခံမှာလား"
"ပို့စ်ကို ပြန်ကြည့်လိုက်အုံး"
.

ကျမပို့စ်ကို ပြန်ကြည့်လိုက်တော့ အယောက် ၅၀ နေရာမှ ‌အယောက် ၂၀၀ပြောင်းသွားသည်။

သူမက မန့်တွေ ဆက်တိုက်မန့်နေခဲ့တယ်။ သူရဲ့ သူငယ်ချင်းတွေကလည်း ဝိုင်းမန့်ကြသည်။ လှောင်နေသလို ပုံတွေရော sticker တွေရော သိပ်မကြာပါဘူး အယောက်၂၀၀ ပြည့်သွားတယ် ။ ဒါပေမယ့် အယောက်၂၀၀ မြောက်မှ ကျမမဟုတ်တော့ပေ။ ကျမသူ့ကိုသွားပြောလိုက်တယ် ။

"သူမက အယောက်၂၀၀မြောက်မှာကျလည်း ငါက ‌အယောက်၅၀မြောက်မှာ ကျတာလေ"

သူက "အဲ့တာဆို နင်တို့ ထပ်ပြိုင်ရမယ်"

ကျပို့စ်ကိုကြည့်လိုက်တော့ အယောက်၅၀၀ ပြောင်းသွားသည် ။ အဲ့ဒီ့အချိန်ခနလေးအတွင်းမှာ ကျမ သိလိုက်ပါပြီ သူငါ့ ကို အရူးလုပ်နေခဲ့တာ ။ကစားနေတာပဲ။ ကျမ အယောက်၅၀၀ မြောက်မှာကျလျှင်လည်း သူ့ပို့စ်ကို အ‌ေယာက်၁၀၀၀ ပြောင်းလိုက်နိုင်တာပဲ ။ ကျမ ဆက်မမန့်တော့ဘူး accountကို log out လုပ်ပြီးသာ ထွက်ခဲ့လိုက်သည်။
"သူငါ့ကို တကယ် မချစ်နိုင်ပါဘူး သူ့ကငါ့ကို ပညာပြလိုက်တာပဲ။" အဲ့ဒီ့နေ့က ကျမတနေကုန် အခန်းထဲကမထွက်ပဲ ငိုသာငိုနေခဲ့သည်။
.
ကျမ accountကို မဝင်ပဲ အကောင့်တုနဲ့ သူ့ရဲ့ အကောင့်သာကို သွားသွားခိုးကြည့်နေမိသည်။

He crushed my soul (Completed)Where stories live. Discover now