အပိုင်း၆ (U+Z)

395 69 14
                                    


"ဘုရားရေ ဒါလူလား "

Seulgiပါးစပ်ကနေတောင်တအံ့တဩရေရွတ်မိလိုက်သည်။
သူမအရှေ့မှာရပ်နေတဲ့သူကအမျိုးသမီးတစ်ယောက်; သိပ်လှတဲ့အမျိုးသမီးတစ်ယောက် ;
သေပစ်ခြင်လောက်အောင်လှတယ်ထိုအမျိုးသမီးက

ဝတ်ရုံရှည်အနက်ကိုမှအနောက်အဖျားစတွေက
လေမတိုက်ပဲနဲ့တောင် တစ်လွင့်လွင်

မျက်ခုံး မျက်လုံး နှာခေါင်း နှုတ်ခမ်း စသည်ဖြင့်
ခေါင်းအစခြေအဆုံးအပိုအလိုမရှိလှရက်လွန်းနိုင်တာ ဒီအမျိုးသမီး လူမှဟုတ်ရဲ့လား

" သင့်ရဲ့ဝိဉာဏ်ဒီလောက ကနေ ထာဝရပျောက်ကွယ်တာကိုမလိုခြင်ရင် ငါ့နောက်လိုက်ခဲ့ "

! ဒီအသံ ဒီအကြည့် သေခြင်စဖွယ်အတိ !

ဒီအမျိုးသမီးအသံကိုရင်းရင်းနှီးနှီးကြားဖူးတယ်
လူကိုရောပဲတစ်နေရာရာမှာမြင်ဖူးသလိုလိုနဲ့

Seulgiလဲထွေထွေထူးထူးစဉ်းစားမနေတော့ပဲ စိတ်ညို့ခံထားရတဲ့လူတစ်ယောက်ပမာထိုအမျိုးသမီးအနောက်ကိုအမြန်ပင်လိုက်သွားလိုက်သည်။
ထိုအမျိုးသမီးလမ်းလျှောက်တဲ့ပုံစံက သောက်ရမ်းစွဲဆောင်မှုရှိသည်။
လူကောင်က Seulgiထက်စာရင်သေးမဲ့ပုံပေါ်ပေမဲ့
ရှိန်ခြင်စရာသိပ်ကောင်းတယ်။မမြင်နိုင်တဲ့အာဏာတွေရှိသလိုပင်......

" ဒီမှာရပ် "

အရှေ့ကနေအနောက်ကိုတောင်လှည့်မကြည့်ပဲသွားနေရင်းကနေရုတ်ချည်းဆိုသလို အမိန့်ပေးသလိုလို
ရပ်ခိုင်းတယ်။
Seulgiလဲ လက်ရှိရှိမိမိရောက်နေတဲ့နေရာကိုဝေ့ဝဲကြည့်လိုက်တော့ Seulgiနဲ့ မလှမ်းမကမ်းမှာအရင်ခေတ်ကဘုရင်တွေထိုင်သလိုမျိုး ပုလ္လင်တစ်ခုကိုတွေ့လိုက်ရတယ် ပုလ္လင်တစ်ခုလုံးကရွှေရောင်အတိ
' ရွှေအစစ်တွေနဲ့လုပ်ထားတာလားမသိဘူး '

" အခုဆို သင့်ရဲ့ ခန္ဓာကိုယ်ကအန္တရာယ်တွင်းထဲကျနေလောက်ပြီ "

" ငါ့ကို ဒီကနေလွတ်အောင်လုပ်ပေးနိုင်ရင်ငါသင့်ကိုကူညီပေးမယ် "

Let Darkness Bring Light Where stories live. Discover now