အပိုင်း၁၅ (U+Z)

375 69 36
                                    


" Ireneကို ဆင့်ခေါ်လိုက်ကြ "

" ဒါဟာမှားနေတယ်လို့ ကျွန်ုပ်မြင်မိပါတယ် အရှင်မ
Bridge "

" မှန်ပါတယ်။ ကာကွယ်ရေးနတ်ဘုရားမ ပြောတာကို
ကျွန်ုပ်လဲထောက်ခံပါတယ်။ Ireneကနတ်ဘုရားမ
မဟုတ်တော့ပါဘူး။ နတ်သဘင်အစည်းအဝေးကို
တက်ဖို့ မသင့်တော်ပါဘူး အရှင်မ "

ဒီနတ်ဘုရားတွေက တော်တော်လဲ ပြောရခက်ပါပေလား။

" ကျွန်ုပ်ဆန္ဒအရဆိုရင်တော့ Ireneကို နဂိုရာထူး
ပြန်ပေးခြင်ပါတယ် "

" ဒါ သက်သက်ဘက်လိုက်တာပဲ အရှင်မ "

" Irene အချုပ်အနှောင်စည်းကို ဖောက်ပြီးလွတ်သွားတာတောင် အရှင်မ ဘာအရေးမှမယူခဲ့ဘူး။
အခုပါ ထပ်ပြီး နဂိုရာထူးကို ပြန်ပေးခြင်နေတာပါလား။ Bridgeအရှင်မရဲ့ ဂုဏ်ပုဒ်ထက် Ireneက
အရေးကြီးနေရင်တော့ အရှင်မ စိတ်ကြိုက်လုပ်ဆောင်‌ပါ"

ငါတော့ ဘေးကြပ် နံကြပ်ထဲကို ရောက်နေပြီ။

Ireneကို နဂိုရာထူးပြန်ထားခြင်တာကတော့
မိမိဆန္ဒ အမှန်ပါ။ သို့ပေမဲ့လဲ အများနဲ့ တစ်ယောက်ဆိုတော့ ဘယ်လိုရင်ဆိုင်ရမလဲကို မသိတော့ပါ။

" အရှင်မ အခုလို နှုတ်ဆိတ်နေတာ မသင့်တော်ပါဘူး။အရှင်မ ကြိုက်သလိုဆုံးဖြတ်ပါ။
အရှင်မရဲ့ ဘိုးဘေးဘီဘင်နတ်ဘုရားတွေကိုမှ
မငဲ့ညှာ မထောက်ထားရင်ပေါ့။ "

Bridgeတော့ ခေါင်းခဲရလေပြီ။
ဘိုးဘေးဘီဘင်တွေပါ ပါလာပြီဆိုတော့ကား။

" နှစ်ပေါင်း1200ကြီးတောင် Ireneက ချုပ်နှောင်ထားခံရတာပါ။ အားလုံးပဲ ကျေအေးပေးလိုက်ကြလို့မရဘူးလား။ "

" ဒီလိုဆို အပြစ်မရှိပဲ ဝိဉာဏ်နှုတ်ခံရလို့ သေသွားတဲ့လူသားတွေအတွက်ရော အရှင်မ မတွေးပေးတော့ဘူးလား။ "

ဒီနတ်ဘုရားတွေ ဘယ်တုန်းထဲက လူသားတွေအရေးကို စိတ်ဝင်စားသွားကြတာပါလိမ့်။
လျစ်လျူရှု့ခဲ့ကြတုန်းက တိုင်ပင်စရာတောင်မလိုပဲ
တစ်စိတ်ထဲတစ်ဝမ်းထဲ နေလာခဲ့ကြပြီးတော့။
အခုမှ တစ်ဦးထဲအပေါ်ကိုပဲ အပြစ်ပုံချနေကြတာ
ကြားလို့မှမကောင်း။

Let Darkness Bring Light Where stories live. Discover now