" အမေ သမီးဒီနေ့လဲSeulgiအိမ်မှာစာသွားလုပ်မလို့ အဲ့တာသမီး ညနေမှပြန်ရောက်မယ်နော် "
Soo Youngမနက်စောစောနိုးလာ၍ မျက်နှာသစ်၊သွားတိုက်ပြီး အကျီလဲကာ Seulgiအိမ်ကိုသွားဖို့ပြင်လိုက်သည်။
" အမေ့ကိုတစ်ခုကူညီပေးအုံးသမီးငယ် "
အမေကမီးမိုခန်းထဲကနေ Soo Youngကိုပြန်လှမ်းပြောသည်။
" ဟုတ် သမီးဘာလုပ်ပေးရမှာလဲ။ "
" ခုနကသမီးအဖေ ဖုန်းဆက်တယ်။အမေတို့အခန်းထဲက စာကြည့်ခုံပေါ်မှာ အရေးကြီးတဲ့ဆေးမှတ်ချက်
စာရွက်တွေကျန်နေခဲ့တယ်တဲ့။အဲ့တာ စခန်းကိုယူလာပေးပါတဲ့။ "" အဖေကလဲ အရေးကြီးတာတွေကိုမှမေ့ရတယ်လို့။"
" သမီးအဖေလဲ အသက်ကြီးလာလို့ထင်တယ်။
ခနခန မေ့တတ်နေတယ်။ "" ဟုတ် သမီးယူသွားပေးလိုက်မယ်။အဲ့ဒီကနေပဲ
Seulgiအိမ်ကို တစ်ခါထဲသွားလိုက်မယ်နော်။ "" မနက်စာ စားပြီးမှသွားလိုက်ပါလားသမီး "
" ဟင့်အင်း Seulgiအိမ်မှာပဲ စားလိုက်တော့မယ်။ "
" ပြန်လာရင် အရမ်းကြီးတော့နောက်မကျစေနဲ့နော် "
" ညနေလောက်ဆိုတာနဲ့ပြန်လာခဲ့မယ်နော်။ စိတ်ချ "
" ရွှတ်..."
အမေ့ပါးကို တစ်ချက်နမ်းလိုက်ပြီး
အဖေ မေ့ကျန်ခဲ့တဲ့ဆေးစစ်ချက်တွေကို သွားယူလိုက်သည်။အဖေက ဆိုးလ်မြို့ ရဲငှာနချုပ်ရဲ့ ရဲမှူးဆိုတော့
စခန်းမှာအတော်လေးအရေးပါလှသည်။Soo Youngမျက်လုံးက မထင်မှတ်ပဲ စာရွက်ကိုကြည့်မိလိုက်တော့...
" ဟင် ..Ms.Kimဆိုပါလား "
သူမနဲ့မဆိုင်ဘူးဆိုပေမဲ့ စိတ်က သိခြင်စိတ်အလွန်များနေတာကြောင့် အခန်းထဲက ခုံတစ်ခုပေါ်မှာ
ဝင်ထိုင်လိုက်ပြီးဖတ်လိုက်သည်။
YOU ARE READING
Let Darkness Bring Light