အပိုင်း၁၂ (U+Z)

307 73 18
                                    

" ဆိုးရွားတဲ့မှတ်ဉာဏ်တွေရှိပြီးမှ အမာရွတ်ဆိုတာရလာရတယ် ..အဲ့တာဘဝပဲSeulလေး "

" သမီးမကြိုက်ဘူးမေမေ..အဲ့တာကသမီးကိုအရမ်းနာစေတယ် "

" မေမေလဲ မကြိုက်ပါဘူးကွယ်။
Seulလေးဒီလိုတွေ
နာကျင်နေရတာ မေမေတို့လဲ မကြိုက်ပါဘူး "

" သမီးကို ကုပေးပါလားဟင် "

" မေမေတို့ ရအောင်ကုပေးမယ်နော် "

" အခု သမီးရဲ့ ဖေဖေလဲ နည်းလမ်းရှာနေပါတယ်Seulလေးရဲ့ "

" သမီးညဘက်တွေမအိပ်ခြင်ဘူး "

" အိပ်စက်ခြင်းကလူတစ်ယောက်အတွက် ဘယ်လောက်ထိကောင်းမွန်ပြီးအကျိုးရှိတယ်ဆိုတာ
သိရဲ့လားသမီး "

" အဲ့တာ မေမေတို့ အတွက်ပဲလေ
သမီးအတွက်မှမဟုတ်တာ "

" Seulgiလေးရယ် "

မေမေက Seulgiကိုယ်လေးကိုရင်ခွင်ထဲပွေ့ထားပြီး
ခေါင်းလေးကိုအသာအယာပွတ်ပေးသည်။

×××××××××××××

" သတိရတယ်မေမေ "

Seulgiအရမ်းပင်ပန်းတာပဲ။
ဒီမှတ်ဉာဏ်ဆိုးတွေကို မေ့ပစ်ခြင်တယ်။
တစ်ခြားမှတ်ဉာဏ်တွေသာ ငါးမိနစ်နဲ့ မေ့ပေမဲ့
Seulgiငယ်ဘဝရဲ့ အိပ်မက်ဆိုးမှတ်ဉာဏ်တွေအကြောင်းကိုတော့ စက္ကန့်အလိုက်အကုန်မှတ်မိနေတယ်။
မ‌ရောင်ရာဆီလူးတဲ့ Seulgiရဲ့ တလွဲဦးနှောက်လေးပါပဲ။

Shakespeareကဒီလိုပြောခဲ့တယ်။

"အိုး အိပ်စက်ခြင်း၊ အိုး ကြီးမြတ်လှတဲ့အိပ်စက်ခြင်းရေ!
သဘာဝရဲ့ နူးညံ့တဲ့ဆေးအကူကလေး
ကျွန်ုပ်သင့်ကိုဘယ်လိုတွန်းလှန်နိုင်မှာပါလိမ့် " တဲ့

Seulgiအတွက်ကတော့

"အိုး အိပ်စက်ခြင်း၊အိုး သေပစ်ခြင်စရာကောင်းလှ
တဲ့အိပ်စက်ခြင်းရေ!
မရဏမင်းရဲ့ မနူးညံ့တဲ့ဆေးအကူကလေး
ကျွန်ုပ်သင့်ကိုဘယ်လိုတွန်းလှန်နိုင်မှာပါလိမ့် "

Let Darkness Bring Light Where stories live. Discover now