CHAPTER 73 - Marry me

9.9K 1.4K 212
                                    

Unicode

စုန့်ရီကူရာကယ်ရာမဲ့သွားတယ်။ ကုရှောက်ယွမ်ကအရမ်းအလေးအနက်ထားနေပီး လုံးဝစနောက်နေတဲ့ဟန်မရှိဘူး။ သူကလေးနာမည်ကိုလုံးဝမစဥ်းစားရသေးဘူး။ မျိုးရိုးနာမည်ကိုကုနဲ့ရှန်းဖြစ်ဖြစ် သူ့နာမည်စုန့်ပဲဖြစ်ဖြစ် ပေးဖို့ကတကယ်ကိုခက်ခဲတဲ့ပြဿနာဖြစ်တယ် "ဦးလေး ကလေးမွေးပီးတဲ့အထိစောင့်ပါအုံး တစ်ခုခုဆုံးဖြတ်ရအောင်"

ကုရှောက်ယွမ်ကတဘ်တည်ငြိမ်ငြိမ်ဖြစ်သွားပီး ညင်ညင်သာသာလေးပြုံးပြတယ် "Feng Sui ဆရာတစ်ယောက်ကိုဦးလေးသိတယ် သူကနာမည်တွေညွှန်းပေးတတ်တယ်"

"ကျေးဇူးတင်ပါတယ် ဦးလေး" စုန့်ရီခေါင်းညိမ့်ပြလိုက်တယ်။

ကုရှောက်ယွမ်ကရေတစ်ငုံယူသောက်လိုက်ပီး ခနလောက်စဥ်းစားကာပြောတယ် "မင်း​ဒေါ်ဒေါ်နဲ့ဦးလေးက မင်းနဲ့ရှင်ချွမ်းဒီအခြေအနေရောက်လာတာကိုအရမ်းကျေနပ်နေတာ"

ကုရှောက်ယွမ်ကကြင်နာတတ်တယ်။ ဒါပေမဲ့သူ့စကားပြောတဲ့အခါမှာ ငြင်းဆန်လို့မရတဲ့ဆုံးဖြတ်ချက်ချပီးတဲ့ခံစားမှုမျိုးကို မသိစိတ်ကနေသယ်ဆောင်လာတယ်။ ဒီလိုမျိုးကြီး​မားတဲ့အရှိန်အဝါကစုန့်ရီကိုဖိအားဖြစ်စေတယ် "ဦးလေးနဲ့ဒေါ်ဒေါ်တို့ရဲ့ထောက်ခံမှုအတွက်ကျေးဇူးတင်ပါတယ်"

ကုရှောက်ယွမ်ကရေခွက်ကိုချလိုက်ပီး စိတ်လျှော့လိုက်တယ်။ သူကထိုးဖောက်စူးဝင်နေတဲ့မျက်လုံးတွေနဲ့စုန့်ရီ​ကိုကြည့်လာတယ် "အဲ့ဒီက​လေးကဘယ်လိုနေလဲ ဦးလေးတို့သားဆိုတော့သေချာသိတယ် မင်းရဲ့သည်းခံပေးမှုအတွက်လဲကျေးဇူးတင်ပါတယ်"

စုန့်ရီဘက်ကအရမ်းကြီးသည်းခံပေးရတာမျိုးမရှိဘူး။ သူတို့နှစ်ယောက်မကြာခဏဆိုသလိုရန်ဖြစ်ကြတယ်။ ကုရှင်ချွမ်းကသူ့ကိုဘယ်တော့မှဒေါသမထွက်ဘူး။

ကုရှောက်ယွမ်ကခနလောက်တိတ်သွားပီး အသံဩဩနဲ့ပြောလာတယ် "ဦးလေးကအရည်အချင်းပြည့်မှီတဲ့ဖခင်တစ်​ယောက်မဟုတ်ဘူး သူဆယ့်ငါးနှစ်ပြည့်တော့ သူ့ကိုဦးတို့နဲ့ခွဲပီးစာသင်ရအောင်တရုတ်​ကိုပြန်ပို့လိုက်တယ် ဦးလေးကလဲစီးပွားရေးကိစ္စတွေနဲ့ပဲအလုပ်ရှုပ်နေတာ သူ့ကိုနောက်တစ်ခါထပ်တွေ့ရတော့ သူကအထက်တန်းတောင်အောင်တော့မယ် အဲ့တာက​လဲ မင်းတို့ရဲ့ကျောင်းအုပ်က ကုရှောက်ယွမ် သားကိုဂရုစိုက်ပါ ဆိုပီးဖုန်းဆက်လာလို့ အတန်းဖော်ကိုဆေးရုံထိရောက်အောင်ရိုက်နှက်ခဲ့တယ်တဲ့ အပြစ်တင်ခံရရင်လဲဦးလေးပဲအပြစ်တင်ခံသင့်တာပါ ကလေးကိုဒီလိုမျိုးဖြစ်အောင်သင်ကြားပေးခဲ့မိလို့ အဲ့ဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုဒေါသထွက်ပီးအပြစ်တင်မိတယ် ဦးလေးကအောင်မြင်ကျော်ကြားတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကျရှုံးခဲ့ရတယ်"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now