Intro

42.4K 1.9K 328
                                    

(Unicode)

အောက်ပိုင်းရဲ့နာကျင်မှုတစ်ချို့ကြောင့် ထယ်​​ယောင်းမျက်နှာရှုံ့လျက်သားနိုးလာခဲ့သည်...။

အိစက်လှတဲ့ မွေ့ယာသားက သူ့အိမ်ကမဟုတ်မှန်းသိတာမို့ မနည်းကုန်းရုန်းထကာဘေးဘီဝဲယာကိုကြည့်မိလိုက်သည်..။ထိုနောက် မိမိကိုယ်ကိုယ်လိုက်ပြန်ကြည့်လိုက်ရင်း...။

"ချီးပဲ"

စောစောစီးစီး မင်္ဂလာစကားမဟုတ်သောစကားထွက်သွားတာကြောင့် သူ့နေ့ရက်တွေတော့ အမင်္ဂလာဖြစ်တော့မည်...။
ဟောက်သံခပ်တိုးတိုးကြားတာကြောင့် သူလှည့်ကြည့်လိုက်တော့ ဘေးနားမှာ ဘာမှမဝတ်ပဲ အိပ်နေသောလူတစ်ယောက်...။

ထိုလူတစ်ယောက်ဟာဘယ်သူလဲမမေးရလောက်တဲ့အထိ ထယ်​ယောင်း မတုံးအသေး....အဲ့လူက သူ့ရဲ့ အထက်လူကြီး မန်နေဂျင်းဒါရိုက်တာ ဂျွန်ဂျောင်ကု..တစ်မျိုးခေါ်ရင်

"ဂျွန်နှာဘူး"

အခုအခြေနေအရဆိုရင် ဘာဖြစ်ပြီးမှန်း ပြောစရာမလိုလောက်အောင်ပင်သိလိုက်သည်...။

သူ မုဒိန်းအကျင့်ခံလိုက်ရပြီ..။

ဟုတ်တယ်...စ စတွေ့ထဲက သူ့ကိုထိကပါးရိကပါးလုပ်နေတဲ့ အဲ့ဂျွန်နှာဘူးက သူ့ကို အမြဲတမ်းကျားချောင်းချောင်းနေခဲ့တာ အခုတော့ သူ့ဟာအချောင်းခံပြီးသွားပေါ့..။

ဖြစ်ပြီးတဲ့အခြေနေက ဘာမှလုပ်လို့မရတော့...။စောင်ပတ်ပြီးခေါင်းငုံ့ငိုရအောင်လဲ သူကမင်းသမီးမဟုတ် ဟိုဂျွန်နှာဘူးက လူဆိုးဖြစ်ပေမဲ့ပေါ့..။

ထယ်ယောင်း မွေ့ယာကနေထကာ အောက်က ဂျွန်နှာဘူးချွတ်ထားသောသူ့Boxerကိုပြန်ဝတ်လိုက်သည်..။ထိုနောက့် သူ့ရဲ့အင်္ကျီတွေကိုပါထပ်ဝတ်နေလိုက်သည်..။

"အာ့ ချီး ချီး ချီး"

ဘောင်းဘီဝတ်တဲ့နေရာတွင် အခက်တွေ့တာကြောင့် အ့ကျင့်ပါနေတဲ့ပါးစပ်ကဆဲမိတော့ တလှုပ်လှုပ်ဖြစ်လာတဲ့ ဂျွန်နှာဘူး...။

ဘာစကားမှမ​ပြောချင်တာကြောင့် ထယ်​ယောင်း အမြန်ဝတ်ကာ အခန်းထဲကထွက်မယ်လုပ်တော့...။

"ပြန်ပြီလားထယ်ယောင်း ပိုက်ဆံယူသွားဦး"

ကြားလိုက်ရသော ငွေစကားက အပြင်ထွက်မဲ့ သူ့​​ခြေထောက်တွေကိုရပ်တန့်လိုက်သည်..။လှည့်ကြည့်မိတော့ခပ်လျောလျောထိုင်ကာ ဆေးလိပ်ဖွာဖို့ပြင်နေသောသူ...ထိုနောက် ပိုက်ဆံအိတ်ထဲက ဝမ်အထပ်လိုက် ကမ်းလာတာကြောင့်ထယ်ယောင်းပြန်ပြောမယ်ကြံပေမဲ့ စားပွဲခုံပေါ်က ပန်းအိုးအပေါ်အကြည့်ရောက်တော့သူပြုံးလိုက်မိသည်...။

Querencia {HOME}Where stories live. Discover now