(Unicode )
ဘာလိုလိုနဲ့ထယ်ယောင်း အမေ့အိမ်ရောက်တာ တစ်လနီးပါးပင်ရှိတော့မည်..။ထိုတစ်လအတွင်းမှာလဲ အမေ့ကို ကူလိုက် စားလိုက်သောက်လိုက်ဖြင့် စိတ်ချမ်းသာနေတာကြောင့် လုံးလုံးလေးတောင်ဖြစ်လာခဲ့သည်။
သားအားမရှိတာကိုစိတ်မချမ်းသာတဲ့ အမေ့တစ်ယောက်အနေနဲ့ အခုလိုထယ်ယောင်း လုံးလုံးလေးဖြစ်လာတော့ အမေကင်မ် ခမျာ သဘောတွေကျလို့...။
အခုလဲ ထယ်ယောင်း အမေ့ကို ကူဖို့ အိပ်ယာစောစောထပေမဲ့ မိုက်ခနဲ ဖြစ်သွားသောခေါင်းကြောင့် ကုတင်ပေါ်မှာခဏပြန်ထိုင်လိုက်ရသည်။
မိမိခေါင်းကိုသေချာကိုင်ကာ မျက်လုံးမှိတ်ထားရင်း အဆင်ပြေလောက်တော့မှ ထပြီးမျက်နှာသစ် သွားတိုက်ကာ မနက်ခင်းကိုယ်ကာယ သန့်ရှင်းရေးပြီးတော့ အပြင်ထွက်လာကာ..။
"ထယ်ယောင်းနိုးပြီလား"
"Nae အမေ.."
"ရော့ဒါဆို ဆိုင်ကို အဲ့ဒါလေးတွေပို့ပေးထား..ဆိုင်ကတော့ ဝမ်လေး ဘာသာခင်းလိုက်မယ်"
"Nae"
အမေပေးလာတဲ့ ခြင်းတောင်းနှစ်တောင်းကိုဆွဲ လမ်းထိပ်က မိမိဆိုင်ဆီကိုသွားတော့သည်။မနက် ငါးနာရီဝေလီဝေလင်းဖြစ်တာကြောင့် နေကမထွက်သေး..။အာရုံတက် အအေးဓာတ်က ပါးစပ်ထဲပင်အငွေ့ထွက်သည်အထိဖြစ်တာကြောင့် ထယ်ယောင်းလမ်းမှာ နှာခေါင်းဖြင့်အသက်ရှု ပြီး ပါးစပ်နဲ့လေမှုတ်ထုတ်တိုင်းဆော့နေမိသည်..။
ဆိုင်ရောက်တော့ အမေ့ရဲ့ အလုပ်သမား ကလေးမ ဝမ်လေးက ဆိုင်ခင်းနေကာ သူ့မြင်တော့...။
"ကိုကိုထယ်ယောင်း လာပြီ မေမေကြီးရော"
"အမေက ခဏနေလိုက်လာမယ်တဲ့..ဗိုက်ဆာလိုက်တာ ဘာရှိလဲ ဝမ်လေး"
" ဘာမှမရှိဘူး ကိုကိုရဲ့ ခေါက်ဆွဲပြုတ်စားမလား ဝမ်လေးပြုတ်ပေးမယ်"
"အင်းကြက်ဥနှစ်လုံးထည့်ပေး နင်ပါစားဖို့ပြုတ်ခဲ့"
သူပြောလိုက်တော့ ဟုတ်ဆိုကာ ခေါင်းငြိမ့်ရင်း မီးဖိုချောင်ကိုဝင်သွားသော ကလေးမ..။အသက်၁၅နှစ် လူငယ်ဖြစ်တာကြောင့် ဘယ်အရာမဆို သွက်သွက်လက်လက်ဖြင့်..။