Four

14.6K 1.5K 206
                                    

(Unicode)

"ထယ်ယောင်း မင်းအလုပ်မလာဘူးလား ခွင့်ရက်ပြည့်တော့မယ် မန်နေဂျင်းကပြောနေပြီ"

"ကျွန်တော်အမေ့ဆီပြန်နေလို့ခွင့်တိုင်ထားတယ်လေ ဌာနမှူး အဲ့နှာ-မန်နေဂျင်းမသိဘူးလား"

"သိတော့သိတာပေါ့ကွ ဒါပေမဲ့ မင်းကိုနေ့တိုင်းမေးနေတာကို မင်းခွင့်ရက်မပြည့်သေးဘူးပြောရင်တောက်တခေါက်ခေါက်နဲ့ကွ ကြာရင်မင်းတော့အလုပ်ပြုတ်တော့မှာပဲထယ်ယောင်းရာ"

ဌာနမှူးစကားကြောင့်ထယ်ယောင်း သဘောကျစွာပင်ပြုံးလိုက်မိသည်။ဖြုတ်ပေါ့ ဖြုတ်လေအေးလေပဲ။သူကိုယ်တိုင်ကလဲအဖြုတ်ခံချင်လွန်းလို့ကို တမင် နယ်ကအမေ့ဆီပြန်တယ်လိမ်ကာ အိမ်မှာပဲပေတေနေနေတာ။စားဖို့ကတော့စိတ်မပူ လမ်းထိပ်လေးတင် စျေးကြီးရှိတော့ သူဝယ်ချင်တာစားချင်တာအကုန်ဝယ်လို့ရလေသည်။

"ဟဲလိုထယ်ယောင်းကြားလား"

"ဟမ် ဘာပြောလိုက်တာလဲ"

"မင်းအမေသက်သာရင်ပြန်လာတော့လို့"

"ဟုတ်ကဲ့ပါကြည့်လိုက်ဦးမယ်"

ပါးစပ်ကသာဟုတ်ကဲ့ပါလို့ပြောပေမဲ့တကယ်ပြန်လာမလာဆိုသာထယ်ယောင်းသာသိတယ်။ဌာနမှူးရဲ့ဖုန်းကိုချလိုက်ကာ မိမိမွေ့ယာပေါ်ကားယားလေးလှဲချလိုက်သည်။

နောက်ပြီးတွေးမိလာသည်က ထိုနေ့က ဂျွန်ဂျောင်ကုနဲ့သူ့ရဲ့တင်းမာတဲ့အခြေနေ။

.
.
.

"ငါမင်းကိုဘာများလုပ်မိလို့လဲဟမ် မင်းနဲ့ငါ ချစ်သူရည်းစားလဲမဟုတ်ဘူး၊ရန်ငြိုးရှိနေတာလဲမဟုတ်ပဲနဲ့ ဘာလို့များ ငါ့ကို--"

"သဘောကျတယ်လို့ပြောပြီးပြီမလား"

"တစ်ညတာသဘောကျတာလား..ပိုက်ဆံပေးပြီးသဘောကျတာလား ဟမ်!!! ပိုက်ဆံပေးတိုင်းမင်း‌‌ဆီလာရတောင် ငါက ယောကျာ်းပြည့်တန်ဆာ မဟုတ်ဘူး ဂျွန်ဂျောင်ကု"

ထယ်ယောင်းစကားကိုဂျောင်ကု ကဘာမှပြန်မပြော။ရှင်းပြချက်မရှိတာဆိုပိုမှန်လေမလား။

"....ဘာပဲဖြစ်ဖြစ် ငါသဘောကျတာကို ငါရအောင်ယူမယ်...ဒါငါဖြစ်ချင်တာပဲ"

Querencia {HOME}Where stories live. Discover now