(Unicode)
"စားကောင်းလိုက်တာ အဒေါ်..တကယ်ပဲ ကျွန်တော်စားဖူးတဲ့ကျီဂဲထဲဒါအကောင်းဆုံးပဲ"
ခေါင်းမဖော်တမ်းစားကာပြောနေသောဂျောင်ကုကြောင့်ထယ်ယောင်းတို့တစ်မိသားစုလုံးကိုသူ့ကိုဝိုင်းကြည့်နေမိသည်။
ဝမ်လေးကလဲ ဇွန်းကိုကိုက်ကာ ဂျောင်ကုကိုကြည့်လိုက် သူ့ကိုကြည့်လိုက်ဖြင့်။
ဒါဟာရိုရိုးကျီဂဲပါ ဒါပေမဲ့ ဂျောင်ကုက စပရှယ်လိုလုပ်နေရပါလိမ့်...မသိရင်ပဲ အခုမှစားဖူးသလိုနဲ့ အိုဗာလာလုပ်နေတယ်။
ထယ်ယောင်းကအမြင်ကတ်စွာ ကြည့်နေပေမဲ့အမေကင်မ်ကတော့သူလုပ်ပေးသောအစားစားကိုကောင်းကောင်းစားနေတော့ ဂျောင်ကုကိုကြည့်ကာတပြုံးပြုံးဖြင့်...။
"အိမ်မှာ ထမင်းပုံမှန်မစားဘူးလား...မင်းမိသားစုတွေရော"
"အမေ့"
အသက်ကြီးကြီးအမျိုးသမီးသဘာဝအတိုင်းအမေကစပ်စုတော့ထယ်ယောင်းက အားနာစွာတားလိုက်ပေမဲ့ဂျောင်ကုကတော့ ဘာမှမဖြစ်သလိုပင်...။
"ကျွန်တော့်မိဘတွေက ကျွန်တော်နှစ်နှစ်သားထဲက ကွာရှင်းထားကြတာပါ။အိမ်မှာအဖိုးနဲ့အိမ်ထိန်းအဒေါ်တွေနဲ့ပဲနေလာတာ အဖိုးဆုံးတော့ အဲ့အိမ်မှာမနေတော့ပဲ ကိုယ့်ဘာသာပဲအခန်းဝယ်နေတော့တာ...အဲ့တော့ အိမ်ချက်ထက် တစ်နေရာရာမှာပဲ အဆင်ပြေသလိုဝင်စားလိုက်တာကများတယ်"
နေသားကျသလို ဝမ်းနည်းခြင်းကင်းမဲ့သော ဂျောင်ကုရဲ့စကားတွေကြားမှအမေကအားနာသွားသလိုဖြစ်သွားတာကြောင့် ထယ်ယောင်းအမေ့ကို ဘာလို့မေးတာလဲဆိုသောပုံဖြင့်လုပ်ပြလိုက်တော့အမေကလဲငါမှမသိတာအေဆိုသောပုံဖြင့်ပြန်လုပ်ပြသည်။
သားမိနှစ်ယောက် မျက်နှာချင်းစစ်တိုက်ပြီးတော့မှ အမေလဲ တစ်ချောင်းထောင်ထားသောဒူးကိုပိုက်ကာ...၊
"ဒါဆိုညတိုင်းဒီမှာပဲ ညစာဝင်စားသွား ဟုတ်ပြီလား"
"အမေကလဲ သူလာရသွားရတာ-"
"တကယ်လားအဒေါ်.."
"အေးပေါ့..တစ်ယောက်စာ ပိုလုပ်ရတာများမှမများတာ"