(Unicode)
ကလေးနှစ်ယောက်အားချီကာ ဝင်လာသော ဂျောင်ကုကြောင့် အားလုံးက ထူးဆန်းအံ့ဩ သလို ကြည့်နေကြသည်။ထိုအကြည့်များကိုသူခံစားမိပေမဲ့လည်း လျစ်လျူရှုကာ နေလိုက်ပေမဲ့ ဘေဘီကတော့ သူ့လိုမလုပ်နိုင်ပါ..။
"ဂျောင်ကု..ကလေး ကျွန်တော့်ကိုပေး"
"ဘာဖြစ်လို့လဲကိုယ်နိုင်ပါတယ်"
"ခင်များ အားကြီးတာသိပါတယ်..ဒါပေမဲ့ မြင်မကောင်းလို့ ပေးဗျာ"
သူ့နောက်ကနေ ကလေးတွေကိုပေးချီဖို့တောင်းနေတာကြောင့် ဂျောင်ကုလဲ သူတို့ကိုကြည့်နေသော လူတွေကို လှည့်ကြည့်လိုက်တော့ အားလုံးက အလျှိုလျှိုထွက်သွားကြတော့သည်။ထိုမှသာ သူပြုံးလိုက်ကာ...
"အခု ဘယ်သူမှမကြည့်တော့ဘူး..မိုနို ပိုလီ တို့ ဒယ်ဒယ်တို့လေယဉ်ပျံကြီးစီးမလား"
"စီးမယ်..ဒယ်ဒယ်..စီးမယ်"
"ချားစီးမယ်...ချားစီးမယ်"
"ဟုတ်ပြီ ကိုင်ထားကြနော်ကောင်းကောင်းလေယဉ်ပျံကြီးစထွက်တော့မယ်"
သူတို့ဒယ်ဒယ်ပေါက်ကရပြောသမျှလိုက်လုပ်တဲ့ မိုနို ပိုလီ ရယ်ပါ...ဂျောင်ကု လည်ပင်းကိုတင်းတင်ဖက်လျက်...။ဂျောင်ကုလဲ ရုံးခန်းဆီကို ပြေးသွားကာ တစ်ပတ်ပါလှည့်တော့ ကလေးနှစ်ယောက်က အော်ကာ ရယ်တော့သည်။
သုံးယောက်သားရဲ့ အပြုံးတွေ ပျော်ရွှင်ခြင်းအတိ အရာရာကိုသာမေ့ထားသလိုပင်...။တကယ် မမေ့နိုင်သူကတော့ သူပေါ့...။သူ့အပိုင်မဟုတ်တဲ့ အရာကို ဖက်တွယ်ကာ ပျော်နေမိရင် မရှိတော့တဲ့အခါ ဝမ်းနည်းရမှာကိုသူတွေးပူနေမိတာပင်။
သူကသာ အတွေးများနေတာ သားဖသုံးယောက်ကတော့ အခန်းထဲဝင်သွားတာကြာပေါ့..ကလေးတွေအတွက်လိုအပ်တဲ့ ပစ္စည်းများက သူ့ဆီမှာဖြစ်တာကြောင့် အထဲကိုလိုက်မယ်ပြင်တော့ သူ့ကို လှမ်းခေါ်သော အပျိုကြီး အို့ဘုန်း ပင်။
"ထယ်ယောင်း..ထယ်ယောင်း ခုနက ကလေးတွေက ဘယ်သူ့ကလေးတွေလဲ မန်နေဂျင်းမှာ တူ တူမတွေရှိတယ်လဲမကြားပါဘူး"