Chapter 1.1 - it's been 25 years later

856 177 6
                                    

Unicode

ငါက 25နှစ်တောင် အိပ်သွားခဲ့တယ်?

ကူယွမ်က ဒါကို ကြားတော့ သူမ စိတ်ထဲ ရှုပ်ထွေးသွားတယ်၊ သူမက ‌မဖြစ်နိုင်ပါဘူးဆိုတဲ့ ပုံနဲ့ ဒေါက်တာချန်းကို ကြည့်လိုက်တယ်။

သူမ အသက် 18နှစ်မှာဘဲ ကုသဖို့ခက်တဲ့ သေလုမျောပါးရောဂါကြောင့် သူမ ပညာရေးကို ရပ်နားခဲ့ရတယ်၊2နှစ်လောက် ကုသမှုလုပ်ပြီးတော့ ခွဲစိတ်မှု မစခင်မှာ ဆရာဝန်က သူမကို ပြောလာတယ်။

ခွဲစိတ်မှုရဲ့ အောင်မြင်နိုင်ချေက 0.5%ဘဲ ရှိပြီးတော့ အောင်မြင်တာရော ကျရှုံးတာရော နှစ်ခုစလုံးဖြစ်သွားနိုင်တယ်၊အောင်မြင်ခဲ့ရင် ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်ပြီးတော့ ကျရှုံးသွားခဲ့ရင်တော့ သူမ သေနိုင်တယ်။

ကူယွမ် ထင်ထားတာက ခွဲစိတ်မှု အောင်မြင်လို့ နိုးလတယ်ပေါ၊ ဒါပေမယ့် မထင်မှတ်ထားတာတွေ ကြားနေရတယ်။

ကူယွမ်က သူမရှေ့က ဆရာဝန်ကို စောင်းကြည့်လိုက်တယ်။

ဒီဆရာဝန်မျိုးရိုးက ချန်းဖြစ်ပြီးတော့ အသက်က 50နီးပါးရှိနေပြီ၊ နောက်ပြီး သူက ဒေါက်တာ လော်ရဲ့ တပည့်တ‌စ်ယောက်ဖြစ်တယ် လို့ပြောတယ်။

ဒေါက်တာ လော်က 28နှစ်ဘဲ ရှိသေးတာပါ သူက ဘယ်လိုလုပ်ပြီး 50အရွယ် တပည့်ရှိနေမှာလဲ?

အိပ်နေရာက နိုးလာတော့ 25နှစ် ကျော်သွားခဲ့တယ်၊ ကမ္ဘာကြီးကလည်း ပြောင်းလဲသွားခဲ့ပြီ၊ ဒါကို လက်ခံနိုင်ဖို့က ဘယ်သူ့ အတွက်မဆို ခဲယဉ်းလို့နေတယ်။

"ဟုတ်ပါတယ် " ဒေါက်တာချန်းက တည်ငြိမ်မှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပေမယ့် သူ့လက်သီးသူ တင်းတင်းဆုပ်ပြီး စိတ်လှုပ်ရှားနေတယ်။

ခွဲစိတ်မှုကျရှုံးသွားခဲ့တဲ့ လူနာ တစ်ယောက်က 25နှစ်ကြာ အေးခဲမှုကနေ ပြန် နိုးထလာတယ်။

ဒါက ဘာများဖြစ်မလဲ? အံဩဖွယ် ဖြစ်ရပ်ဆန်းလား? ဆေးပညာရဲ့ မော်ကွန်းသစ်လား?ဒီလို သမိုင်းတွင်မယ့် ဖြစ်ရပ်ကြီးကို မျက်မြင်တွေ့နေရတော့ ဆုပ်ထားတဲ့ သူ့လက်တွေတောင် တဆက်ဆက် တုန်နေတယ်။

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now