Chapter 3.1 - Tyrannical CEO Son

723 197 8
                                    

Unicode

လူတိုင်းက ဘာလုပ်ရမှန်းမသိဘဲ ရှော့ခ်ရကုန်ကြတယ်၊ ကာယကံရှင်ကူယွမ်ကတော့ သူမရဲ့ ယွမ် 800ကျော်ကို အိတ်ကပ်ထဲထည့်လို့ ခရီးဆောင်အိတ်ရဲ့ ဇစ်ကို ဆွဲပိတ်ရင်းနဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားနေတယ်။

သူမက အတွေးထဲကို တအားနစ်မြောနေလေတော့ သူမဘေးကို လူရောက်လာပြီး စကားပြောတာကို မကြားလိုက်မိဘူး။

ဒါနဲ့ မတ်တပ်ထရပ်လိုက်တဲ့ အချိန်မှာ စောစောက တချိန်လုံးဆောင့်ကြောင့်ထိုင်နေခဲ့ရတော့ ခေါင်းက အနည်းငယ် မူးနောက်နောက်ဖြစ်သွားတယ်။

ဒီတနေ့လုံး လေယာဉ်ပေါ်က အစာတနပ်ဘဲ စား‌ရသေးတော့ သူမ ဗိုက်ဆာနေပြီ၊ သကြားဓာတ်အတော်ကို လိုအပ်လို့နေပြီ။

တချိန်တည်းမှာဘဲ အားအင်အပြည့်နဲ့ လက်နှစ်ဖက်က သူမ လက်မောင်းတွေကို တွဲထူလာတယ်။

ကူယွမ်ကို တွဲထူလိုက်တဲ့ အပြုအမူက ယဉ်ကျေးသိမ်မွေ့လွန်းနေတော့ လူတွေရဲ့ အမြင်ထဲမှာတောင်မှ မသင့်တော်တာမျိုးရှိမနေဘူး။

သူမက အံအားသင့်စွာနဲ့ နောက်ပြန်လှည့်ကြည့်လိုက်တယ်၊သူမ မြင်ကွင်းထဲ ဝင်ရောက်လာတာက ထင်ရှားတဲ့ မျက်ခုံးမွှေးတွေနဲ့ အေးစက်ပြီး မာ‌ကျောတဲ့ မျက်နှာပူံစံရှိတဲ့ အမျိုးသားတစ်ဦးဘဲ၊ ခက်ထန်နေတဲ့ ဒီအမူအရာကြီးက လွဲရင် သူမ အတွက် ဒီလူက အမှတ်100အပြည့်ဘဲ၊ ဒီလူက သူမ နောက်ဆုံးဖတ်ခဲ့တဲ့ ကြည်နူးဖွယ် အချစ်ဝတ္ထုထဲက အမျိုးသားသူရဲကောင်း ပုံစံမျိုးနဲ့ တထပ်တည်းကျနေတယ်။

အဓိက ကျတဲ့ အချက်က ဒီလူက အခုချိန်မှာ သူမကို ယဉ်ယဉ်ကျေးကျေးနဲ့ တွဲကိုင်ပေးထားတာဘဲ။

သုတေသနအဖွဲ့အစည်းဆီကနေ ထွက်လာပြီးကတည်းက သူမ အတွက်က တကယ်ကို မလွယ်ကူခဲ့ဘူး၊အခုလို သူမ အပေါ် စေတနာ ထားပေးတဲ့ လူတယောက်ကို လက်ငင်းတွေ့လိုက်ရတော့ သူမ နှလုံးသားထဲ ‌နွေးထွေးသွားရတယ်၊ ဒါနဲ့ အလျင်အမြန်ဘဲ ပြုံးပြီး ပြောလိုက်တယ် "ကျေးဇူးပါSir ကျွန်မ အဆင်ပြေပါတယ်"

အမျိုးသားက မျက်ခုံးတွေပင့်ပြီး ကူယွမ်ကို တိူးတိုးလေး ပြောလာတယ် " ရပါတယ် မား "

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now