Chapter 4.1- The Child's Father is Ji ZhenTian

707 190 8
                                    

Unicode

စားသောက်ပြီးတာနဲ့ ကျီချီစန်းက ကူယွမ် ဘာဆက်လုပ်မလဲဆိုတာကို မေးလာတယ်  "အိမ်က ပြန်တော့ ရမှာပါ ၊ဒါပေမယ့်  လုပ်ငန်းအရ 2ရက် 3ရက်တော့ ကြာအုံးမယ်၊ ဒီကြားထဲ မားမှာ သွားနေစရာ နေရာ ရှိရဲ့လား "

ကျီချီစန်းရဲ့ ဒီမေးခွန်းက ကူယွမ်ရဲ့ စိုးရိမ်စိတ်တွေကို လှုံ့ဆော်ပေးလိုက်တယ်။

သူမမှာ အိမ်ဆိုလို့ ဒီတစ်လုံးတည်းသာ ရှိပြီးတော့ သေချာပေါက်ကို သွားစရာ ဘယ်နေရာမှကို မရှိဘူး။

ဆွေမျိုး အပေါင်းအသင်းကို ကြည့်ပြန်တော့လည်း သူမရဲ့ တစ်ဦးတည်းသော အနီးကပ်ဆုံးဆွေမျိုးက သူမ အဘွားတစ်ဦးတည်းဘဲ၊ အခုချိန်မှာ အဘွားကလည်း သေဆုံးသွားခဲ့ပြီ၊ တခြားသော ဆွေမျိုးတွေကလည်း အခုလို 25နှစ်တောင် ကြာပြီးမှတော့ ဆက်သွယ်ဖို့ မဖြစ်နိုင်တော့ဘူး၊ သူငယ်ချင်းတွေကရော ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ ၊ကူယွမ် နည်းနည်းတော့ စိုးရိမ်သွားတယ်။

သူမက အနုပညာတက္ကသိုလ်မှာ တနှစ်ဘဲ တက်ရသေးတဲ့ အချိန်မှာ စတင် ဖျားနာလာခဲ့တာ၊ သူမမှာ ပုံမှန် ဆက်သွယ်စရာ သူငယ်ချင်းတယောက်မှ ရှိမနေဘူး၊ သူမဘေးမှာ တချိန်လုံး ရှိနေခဲ့တာက သူမရဲ့ ကောင်လေး လုကျီချန်ဘဲ၊ လုကျီချန်အကြောင်းတွေးမိသွားတော့ ကူယွမ်က မျက်ခုံးတွေ ရှုံ့လိုက်မိတယ်၊ ပြီးမှ ဝးဝမ်းနည်းစွာနဲ့ ပြောလာတယ် " ငါ့မှာ နေစရာ မရှိဘူး၊ ဒီတော့ အိမ် ပြန်မရခင်အထိ အိမ်တစ်လုံးလောက် ငှားနေဖို့ရာ စိတ်ကူးထားတယ် "

ကျီချီစန်းက ခေါင်းညိမ့်ပြီး မဝံ့မရဲနဲ့ မေးလာတယ် " နောက်တော့ရော မား......"

သူတိူ့တွေက ဒီကမ္ဘာပေါ်မှာ သွေးချင်းနီးတဲ့ အရင်းနှီးဆုံး လူတွေ ဖြစ်နေကြပေမယ့်လည်း အဆုံးမှာတော့ တယောက်နဲ့ တယောက်က သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှ်ိဘူးလေ၊ နောက်တော့ ကျီချီစန်းက ကူယွမ်ရဲ့ မာနနဲ့ သဘောထားကို မထိခိုက်စေရအောင် အတတ်နိုင်ဆုံး သတိထားဖို့ တွေးပြီး မေးလာတယ် " မားမှာ ပိုက်ဆံရော လုံလောက်အောင် ရှိရဲ့လား "

ကူယွမ်က အလျင်အမြန်ဘဲ ခေါင်းညိမ့်ပြလိုက်တယ် " ပိုက်ဆံလား ? ငါ့မှာ ကျန်ပါသေးတယ်၊ ဒါက အိမ်တလုံး ငှားဖို့တော့ လုံလုံလောက်လောက်ရှိသေးတယ် "

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now