Chapter 1.2 -it's been 25 years later

670 164 6
                                    

Unicode

ရောဂါကို ကုသနေစဉ်အချိန်တုန်းက ပညာရှင်တွေက ကူယွမ်မှာ ရှားပါးတဲ့ မျိုးရိုးဗီဇ ရှိနေမှန်း တွေ့ရှိသွားခဲ့တယ်၊ ဒါက တကယ်ကို ဉာဏ်ကြီးရှင် မျိုးရိုးဗီဇ ဖြစ်နေတယ်၊တကယ်လို့ ဒီဗီဇသာ ပျောက်ကွယ်သွားခဲ့ရင် လူသားမျိုးနွယ်‌တွေ အတွက် ဆုံးရှုံးမှုကြီး ဖြစ်လာနိုင်တယ်၊ ဒီတော့ ကူယွမ်က သူမဆီက မမျိုးဥ ငါးလူံးကို ခွဲစိတ်မှု မစခင် ထုတ်ယူထားဖို့ သဘောတူခဲ့တယ်။

ကူယွမ် ရုတ်တရက်ကြီး စိတ်ထဲ ထင့်သွားတယ်၊သူမ မျက်လုံးလေးတွေက ဒေါက်တာချန်းကို စိုက်ကြည့်နေရင်းနဲ့ ဆက်မေးလိုက်တယ် " နောက်တော့ရော ?"

ဒေါက်တာချန်းက ကူယွမ်ကို ကြည့်ပြီး အလေးအနက်နဲ့ ပြန်ဖြေလာတယ် " အဲ့ဒီ ဥလေး ငါးလုံးက သက်ရှိလေးတွေ ဖြစ်လာပြီ "

ကူယွမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်လာတယ်။

တယောက်ယောက်က သူမရဲ့ ဥလေး ငါးလုံးက အကောင်ပေါက်လာပြီလို့ ပြောလာတော့ သူမ ဘက်က ပြန်ပြောဖို့ စကားလုံးတွေ ဆွံအလို့နေတယ်။

ဒေါက်တာချန်း : " အဲ့ဒီ ဥငါးလုံးက သက်ရှိလူသားတွေ ဖြစ်လာပြီ ၊ငါး ....."

ဒေါက်တာချန်းက ဘယ်လိုဆက်ပြောရမလဲ ချင့်ချိန်နေရင်းနဲ့ စကားကို ဆက်လာတယ်၊ " အဲ့ဒါက ယောက်ျားလေး ငါးယောက်ဘဲ ၊သူတိူ့ထဲက အကြီးဆုံးက 24နှစ် ရှိနေပြီ "

ကူယွမ် : "......"

ဒေါက်တာချန်းက အလေးအနက်နဲ့ သူမကို ကြည့်ပြီး ပြောလာတယ် " မစ်ကူ မင်းသိချင်ရင် ငါ့မှာ အချက်အလက်အချို့တော့ ရှိတယ် "

ကူယွမ်က မြန်မြန်ဘဲ ခေါင်းယမ်းပြီး လက်ကာပြလိုက်တယ် "တော်ပြီ ၊တော်ပြီ တော်ပြီ အဲ့ဒါကို မေ့လိုက်တော့ "

သူမ အသက်က 45နှစ်ဆိုပေမယ့် သူမ စိတ်ထဲမှာတော့ တက္ကသိုလ်တက်ခါစ 18နှစ် အရွယ်လို့ဘဲ ကိုယ့်ကိုယ်ကို ထင်မှတ်နေသေးတာ၊ ဒီတော့ သူမ မှာ 24နှစ်ရှိပြီး အရွယ်ရောက်နေတဲ့ သားတစ်ယောက် အခန့်သားရနေပြီဆိုတာကို လက်မခံနိုင်သေးဘူးဖြစ်နေတယ်။

ဒေါက်တာချန်းက စကားဆက်ပြောချင်နေသေးပေမယ့် ကူယွမ်က မြန်မြန်ဘဲ ခရီးဆောင်အိတ်ကို ဆွဲလို့ သူ့နားက ထွက်ပြေးသွားတယ် ။

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now