Chapter 2.1 - I am your son

715 158 7
                                    

Unicode

ကူယွမ်က သူမ ရှေ့မှာရှိနေတဲ့ လေးဆယ်ကျော် အမျိုးသမီးကြီးကို ကြည့်နေတယ်၊ ဒီအမျိုးသမီးရဲ့ မျက်လုံးနားမှာ အရေးအကြောင်းတွေက ပေါ်လွင်နေပြီး မျက်နှာပေါ်က အစက်အပြောက်တွေကလည်း မိတ်ကပ်လိမ်းထားတာတောင် သိသာနေတုန်းဘဲ၊ နောက်ပြီး ပါးနားက အရေပြား‌ေတွ သိသိသာသာကြီးတွန့်နေတာက ဖုံးထားလို့တောင် မရနိုင်ဘူး။

နှစ်တွေ အများကြီး ကြာပြီးတော့မှ သူမထက်ငယ်တဲ့ ညီမလေး ကူယွဲ့ကို ပြန်တွေ့နေရပြီ။

ကူယွမ်ရဲ့ အမေဖြစ်သူက သူမ အသက်12နှစ်အရွယ်ကတည်းက ဆုံးပါးသွားခဲ့တာ၊ အဲ့ဒီအချိန်မှာဘဲ သူမ အဖေက အခြားမိန်းမ တစ်ယောက်ကို လက်ထပ်ယူခဲ့ပြီး ကူယွဲ့ ဆို‌တဲ့ ညီမတစ်ယောက်ရလာခဲ့တာ၊ ညီအစ်မ နှစ်ယောက်က အသက်အတူတူဖြစ်နေတော့ တကျောင်းထဲ ‌တတန်းထဲမှာ အတူတက်ခဲ့ရတယ်၊ လအနည်းငယ်ကြာလာတော့ သဘောထား မတိုက်ဆိုင်တာလေးတွေ ရှိလာခဲ့ပြီးတော့ ကူယွမ်ရဲ့ အဘွားက သူမကို ကိုယ်တိုင် စောင့်ရှောက်ဖို့ ခေါ်သွားခဲ့တယ်။

နောက်တော့ အဘွားလည်း ဆုံးပါးသွားခဲ့ပြီး သူမလည်း သေလုနီးပါး ရောဂါကြီး ဖြစ်လာခဲ့တယ်၊ ဆေးကုဖို့ရာ အဘွားချန်ပေးထားခဲ့တဲ့ ပိုက်ဆံတွေကိုလည်း သူမရဲ့ ညီမ ပြည်ပမှာ ကျောင်းတက်နိုင်ဖို့ အတွက် မိထွေးဖြစ်သူက လာရောက် ချေးယူသွားခဲ့တယ်။

ကူယွမ်က ဒီအကြောင်းတွေကို အမြဲတမ်း စိတ်ထဲမှာဘဲ သိမ်းဆည်းထားခဲ့တာ၊ ဒါပေမယ့် ပြန်တွေးမိလိုက်တိုင်းဘဲ စိတ်တိုလာပြီး ဒီဝပြဲနေတဲ့ ကူယွဲ့ကို ရိုက်စုတ်ပစ်လိုက်ချင်တယ်။

အခုသူမ ပြန်နိုးလာတဲ့ အချိန်မှာ ကူယွဲ့က သတ်လတ်ပိုင်းအရွယ်ရောက်နေပြီကို မြင်နေရတာ သူမ အတွက် တကယ် အံ့အားသင့်စေတယ်၊သူမက ကူယွဲ့ကို အထက်အောက် ‌စိုက်ကြည့်ပြီး ပြောလိုက်တယ် " ကူယွဲ့ နင်လား? ငါပါ နင့်ရဲ့ ကျဲကျဲ ကူယွမ်လေ၊ ငါ‌တို့ မတွေ့တာ နှစ်တွေ တောင် ကြာခဲ့ပြီဘဲ"

ကူယွဲ့ရဲ့ ပါးစပ်က ဟောင်းလောင်းကြီးဖြစ်နေပြီးတော့ ဘာစကားမှ ထွက်မလာတော့ဘူး။။

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now