အပိုင်း ( ၇ )

6.5K 261 2
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၇)

ခေါင် ပြန်ရောက်ချိန်အထိ အိမ်မှူးက ဝရန်တာမှာသာ ရှိနေပါသေးသည်။ ည ၁၁ နာရီထိုးခါနီးနေပြီကို။ အပြင်မှာ လေစိမ်းတိုက်ခံရပြီး ဒီကောင်မလေး အအေးမိနေမှဖြင့်။ မနက်ဖြန် မနက် ခရီးသွားပါမယ်ဆို။
တံခါးဆွဲဖွင့်သံကြောင့် အိမ်မှူး လှည့်ကြည့်လာခဲ့သည်။ ဒီ ကလေးမဟာ တစ်ယောက်ထဲ Decanter ထဲက ဝိုင်တွေအားလုံးကို ပြောင်နေအောင် သောက်ထားလေသည်။ ဝိုင်အစွမ်းကြောင့် အိမ်လေးရဲ့ ပါးနှစ်ဖက်လုံး နီမြန်းကာ ပန်းသီးလေးနဲ့ တူနေသည်။

"ပြန်လာပြီလား အကျင့်ပုတ်ကောင်ကြီး ရှင့်ကိုစောင့်နေတာ ကြာပြီ အမယ် လာမယ့်လာတော့လဲ နှစ်ယောက်တောင်..."

ပြုံးပြုံးကြီးနဲ့ လက်နှစ်ချောင်းထောင်ပြနေတဲ့ အိမ်မှူးကြောင့် ခေါင် ကြောင်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်မိသည်။

"မဟုတ်ပါဘူး သုံးယောက်လား... ရှှင့်ညီမကိုတော့ မခေါ်ခဲ့နဲ့နော် လူကို လာဖက်နမ်းတာ မကြိုက်ဘူး ညီမကတမျိုး အစ်ကိုကတမျိုးနဲ့ လာနမ်းနေကြတာ နှစ်ယောက်လုံး အိမ်မှူး မကြိုက်တာတွေပဲ လုပ်ပေးတယ် ကိုကို အီး ဟီး"

မူးပြီး စင်းကျနေတဲ့ မျက်လုံးတွေနဲ့ ခေါင်ကို ဘယ်နှကိုယ်ခွဲကာ မြင်နေလဲမသိ။ အတော်ရယ်ရတဲ့ ကလေးမပဲ။ မင်္ဂလာဦးညမှာ ရည်းစားဟောင်းကို တမ်းတနေစရာလား။ ကိုကိုလို့ခေါ်ပြီး အော်ငိုနေတာ။ သူများတွေ ကြားရင်တော့ သူ့ကို ခေါ်တယ်ပဲ ထင်နေဦးမည်။ ခေါင် အိမ်မှူးကို အခန်းထဲ ခေါ်သွင်းရန် ပုခုံးကို ကိုင်ကာ ဆွဲထူလိုက်သည်။

"ဖယ် ကျွန်မအနားမလာနဲ့ ရှင် အရက်တွေ သောက်လာတာမလား အရက်နံ့နံတယ် ဝေးဝေးနေ"

သူကများ ပြောရသေး။ အခန်းထဲ ဆွဲခေါ်လာတာကို အေးဆေး မလိုက်လာပဲ ခြေကန်ထားပြီး ညော်နေပြန်သေးသည်။ ခေါင် အသဲယားလွန်းလို့ နုတ်ခမ်းကိုက်ထားလိုက်မိသည်။ ငါနော် ဒီပန်းသီးလေးကို ကိုက်စားလိုက်ရ။

ခေါင် အိမ်လေးကို ကုတင်ပေါ်မှာ လဲသိပ်လိုက်ပြီး မျက်ရည်စတွေကို တစ်သျှူးနဲ့ သုတ်ပေးရင်း တွေးနေမိသည်။ တခြားစုံတွဲတွေဆိုရင် အရက်မူးလာတဲ့ယောကျာ်းကို မိန်းမက လုပ်ပေးရမှာမဟုတ်ဘူးလား။ ခုတော့ သူ့အဖြစ်က ပြောင်းပြန်ပါ။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now