အပိုင်း ( ၁၄ )

6.6K 216 1
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၁၄)

"အိမ်ကလေး ထတော့... အိပ်ပုတ်လေး ကိုယ်တောင်ရေချိုးပြီးနေပြီ"

အိပ်ချင်ပါသေးတယ်ဆို နှာခေါင်းကိုဆွဲညစ်ကာ အတင်းလာနိုးနေလို့ အိမ်မှူး နိုးလာခဲ့ရသည်။ မျက်လုံးဖွင့်တာနဲ့ တွေ့လိုက်ရတဲ့ ရေမခြောက်သေးတဲ့ ဆံပင်တွေကို တဘက်နဲ့သုတ်နေရင်း အိပ်ပျော်နေသူကို အတင်းနိုးလိုက်ရလို့ ကျေနပ်ပြီး ပြုံးဖြီးနေတဲ့ သူ့မျက်နှာကြီးကို မျက်စောင်းထိုးလိုက်မိသည်။ ဒီလူကြီးက တကယ်ကို အကျင့်ပုတ်ပါသည်။

"မထသေးဘူးကွာ အိပ်ချင်သေးတယ်"
"ကိုယ်တစ်ယောက်ထဲ breakfast မစားချင်ဘူး နေ့လယ်စာလဲ ရုံးမှာ တစ်ယောက်ထဲ စားရတာကိုကွာ ထ မျက်နှာသစ် ကိုယ်နဲ့အတူ စားပြီးမှ ပြန်အိပ် ကြားလားကလေးမ မထရင် ပွေ့ပြီး bathtub ထဲသွားပစ်ထည့်မှာနော်"
"ဦးခေါင်ထွဋ် ဗလအားကိုးနဲ့လူကို တအားအနိုင်ကျင့်တာနော် ရှင့်ကို အရမ်းအမြင်ကတ်တယ်သိလား"
"မသိဘူး မင်းကိုယ့်ကို အရမ်းချစ်တာပဲ သိတယ် ဟုတ်တယ်မလား အရမ်းချစ်တာမလား ဟေး ရှက်နေတာလား ဖက်နမ်းလိုက်ရမလား အား မျက်နှာလဲမသစ်ရသေးဘူး ကြောင်ချီးရုပ်ကြီးကို မနမ်းချင်ပါဘူး မွှေးမွှေးလေးမှ နမ်းချင်တာ"

စိတ်ကုန်တဲ့ပုံမျိုးနဲ့ ခေါင်းခါပြီး အိပ်ရာထခဲ့တဲ့ အိမ်မှူး ဘေးကနေ ကပ်လိုက်ပြီး ရေချိုးခန်းပေါက်ဝထိကို လိုက်စနေတာပါ။ ဒီလူကြီးဟာ တကယ်ကို စိတ်ကုန်စရာပါ။ တနေ့ တနေ့ မရိုးနိုင်အောင် စ,ခံနေရင်းနဲ့ကို ဒီလူအပေါ် သံယောဇဉ်တိုးလာမိတာကိုလဲ ကိုယ့်ကိုကိုယ် အံ့သြမိပါရဲ့။ အရင်က ကိုကိုမိုး စတုန်းကဆို စိတ်ထဲဘယ်လိုမှ မခံစားနိုင်ပဲ ကိုကိုမိုးကို အတော်ကြီးကို အမြင်ကတ်ခဲ့မိပေမယ့် ဒီလူကိုကျတော့ အမြင်ကတ်ပေမယ့်လဲ ခဏပင်။ မိနစ်ပိုင်းအတွင်းမှာပဲ စိတ်ပြေလေတော့သည်။

"ကော်ဖီပဲ သောက်မနေနဲ့ဦး မုန့်လဲစားဦး နေ့လယ် ထမင်းစားပြီးရင် နွားနို့လဲ သောက်ဦး ကိုယ်ဝန်ဆောင်ချိန် အားနည်းလို့ မဖြစ်ဘူး"
"အဟွတ် ဟွတ်..."

ဦးခေါင်ထွဋ် စကားကြောင့် အိမ်လေးမှာ သောက်နေတဲ့ ကော်ဖီ သီးသွားရသည်။ ဘယ်သူက ကိုယ်ဝန်ရှိနေလို့ လျှောက်ပြောနေတာလဲ။ သူ့ကို ပေါင်မုန့်ယိုသုတ်ပြီး ချပေးနေတဲ့ ဒေါ်ကြီးသဲက ပြုံးစိစိဖြစ်ချင်သွားတဲ့ မျက်နှာကို မနည်း ထိန်းလိုက်ရပုံပေါ်သည်။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now